spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းစစ်ကြောင်းထိုးစဉ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံတို့ထဲမှ ၄ ဦးကို သေဆုံးလျှက်ပြန်လည်တွေ့ရှိ

    စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံတို့ထဲမှ ၄ ဦးကို သေဆုံးလျှက်ပြန်လည်တွေ့ရှိ

    -

    စစ်ကောင်စီအဖွဲ့မှ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ဇာဒီကျေးရွာအုပ်စုမှ ရေနက်ဆိပ်ကမ်းဘက်သို့ စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံတို့ထဲမှ အမျိုးသား ၄ ဦးကို သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့သည်ဟု ဇာဒီရွာခံတို့၏ ပြောကြားချက်အရ သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့တွင် ဇာဒီကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းထိုးဝင်လာသည့် လမ်းတစ်လျှောက်တွင် ခေါင်ပြန်ရွာမှ ဒေသခံ အမျိုးသားနှင့်အမျိုးသမီး ၁၀ ဦး ထက်မနည်းကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

    အဆိုပါ ဒေသခံတို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့တွင် ခေါင်ပြန်ရွာရှိ ချောင်းတစ်နေရာတွင် ၁ လောင်းနှင့် ဇူလိုင်လ ၄ ရက်နေ့ မနေ့ကနေ့လည်ပိုင်းတွင် ၃ လောင်း ထပ်မံတွေ့ရှိခဲ့သည်ဟု သိရသည်။

    “ ကျန်သေးတဲ့သူတွေက ပြန်မတွေ့ရသေးဘူး၊နဘုလယ်ဘက်မှာလည်းမတွေ့ဘူး၊ တရုတ်ဆိုက် ရောက်နေလားကမသိသေးဘူး၊ မနေ့ကနေ့လယ်ပိုင်းအချိန်မှာ အမျိုးသားအလောင်း ၃လောင်းထပ်တွေ့တယ်၊ တနေ့က(ဇူလိုင် ၃)မှာလည်း တယောက်တွေ့တယ်၊ အသက် ၅၀ ကျော်အမျိုးသားတစ်လောက်လည်းပါတယ်"ဟု ဇာဒီရွာခံတစ်ဦးကပြောသည်။

    လက်ရှိတွင် ပြန်လည်လွတ်မြောက်လာသူတစ်ဦးလည်းရှိပြီး ဖမ်းဆီးခေါ်ဆောင်ခံရသည့် အမျိုးသားနှင့် အမျိုးသမီးဒေသခံတို့ ပျောက်ဆုံးနေဆဲဖြစ်ခြင်းကြောင့် မိသားစုဝင်တို့ စိုးရိမ်လျှက်ရှိသည်ဟု ဆက်ပြောသည်။

    ၎င်းအပြင် ယနေ့နံနက်ပိုင်းတွင် ဇာဒီရွာအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တို့သည် နေအိမ်အတွင်းရှိ အသက်ကြီးပိုင်း ရွာခံအမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး နေအိမ် အသုံးအဆောင်ပစ္စည်းတို့ကိုလည်း ယူဆောင်သွားသည်ဟု ၎င်းကဆက်ပြောသည်။

    ဒေသခံအမျိုးသား၊ အမျိုးသမီးမရွေး လူသားဒိုင်အဖြစ်ဖမ်းဆီးခေါ်ဆောင်နေသည့်အပြင် အခြားအကြမ်းဖက်လုပ်ရပ်တို့ကိုလည်း လုပ်ဆောင်နေခြင်းကြောင့် ဇာဒီ၊ ခေါင်ပြန်၊ ဒိုက်တကော်ဒေသခံတို့သည် တောတောင်နှင့် အခြားလုံခြုံသည့်နေရာတို့တွင် တိမ်းရှောင်နေကြသည်ဟု သိရသည်။

    “ရွာကနေအိမ်တွေကပစ္စည်းတွေကားပေါ်တင်ဆောင်သွားတာ အိမ်တွေကိုလိုက်ဝင်တယ်၊ယောကျာ်းလေးတွေ ကျန်နေတာဆိုခေါ်သွားတယ်၊အခုကသူတို့စစ်ကြောင်းကကံပေါက်ကလာတာနဲ့ရေဖြူကလာတဲ့အဖွဲ့တွေ ပေါင်းကြတော့ နဘုလယ်ဘက်မှာလှုပ်ရှားနေတာ၊ ရွာခံတွေက ဘေးလွတ်ရာပေါ့ တိမ်းရှောင်ရတယ် ” ဟု ဇာဒီကျေးရွာ အုပ်စုမှ ရွာခံတစ်ဦးကပြောသည်။

    ကံပေါက်ဒေသမှလာသည့်စစ်ကြောင်း ၂၀၀ ကျော်ဝန်းကျင်နှင့် ရေဖြူဘက်မှာထိုးစစ်ဆင်လာသည့်စစ်ကြောင်း ၃၀၀ ဝန်းကျင်နီးပါးရှိသည့် စစ်ကြောင်းနှစ်ကြောင်းတို့သည် တော်လှန်ရေးတပ်ဖွဲ့တို့ ဆုတ်ခွာပြီးနောက် လက်ရှိတွင် ရေနက်ဆိပ်ကမ်းနှင့် နဘုလယ်ဒေသဘက်တွင် ထိုးစစ်ဆင်နေသည်ဟု ဒေသခံတို့ကဆိုသည်။

    ဇွန်လကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်မှ လက်နက်ကြီးအပြင် လေကြောင်း ပစ်ခတ်မှုတို့ ဆက်တိုက်လုပ်ဆောင်နေခြင်းသည် နဘုလယ်ဒေသနှင့် ရေနက်ဆိပ်ကမ်းကမ်းကိုစိုးမိုးနိုင်ရန်အတွက် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်တို့ သုံးသပ်ပြောဆိုလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks