spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းCI စာအုပ်ထုတ်ပေးရေးစင်တာများ ဇူလိုင်လ ပထမအပတ်အတွင်း ပိတ်သိမ်းရန်ရှိ

    CI စာအုပ်ထုတ်ပေးရေးစင်တာများ ဇူလိုင်လ ပထမအပတ်အတွင်း ပိတ်သိမ်းရန်ရှိ

    -

    ထိုင်းနိုင်ငံအတွင်း အထောက်အထားမပြည့်စုံသည့် မြန်မာနိုင်ငံသားများအတွက် သက်သေခံကဒ်ပြားထုတ်ပေးနေသည့် CI ရုံးစင်တာတို့ကို ဇူလိုင်လ ၇ ရက်နေ့တွင် နောက်ဆုံးထား ဖွင့်လှစ်ဆောင်ရွက်ရန် ဖြစ်နိုင်သည်ဟု စာအုပ်ဝန်ဆောင်မှုပေးနေသူတို့က ဆိုသည်။

    ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ ထိုင်းနိုင်ငံအလယ်ပိုင်း မဟာချိုင်နှင့်စမုပရာကန်၊ အရှေ့ပိုင်းရှိ ချွန်ဘူရီ၊ တောင်ပိုင်းရှိ စုရပ်ဌာနီနှင့်ဖူခက် အစရှိသည့်မြို့များမှ CI စခန်း ၆ ခုတို့ကို ပိတ်သိမ်းမည်ဟု သိရသည်။

    ယခုကာလအတွင်း အထောက်အထားမဲ့ အလုပ်သမားတို့ကို ထိုင်းအစိုးဘက်မှ ဆက်တိုက်ဖမ်းဆီးမှုလုပ်ဆောင်နေခြင်းကြောင့် CI စာအုပ်မရှိသူများနှင့် ပတ်စပို့မရှိသူများ အခက်တွေ့နိုင်သည်ဟု မြန်မာ အလုပ်သမားအရေးကူညီပေးနေသူတစ်ဦးက ဆိုသည်။

    “နောက်နှစ် ၂ လပိုင်း ၁၃ ရက်နေ့ကျရင် စာအုပ်သက်တမ်းတိုးချိန်တွေမှာ CI တို့ မရှိရင်ခက်နိုင်တယ်၊ ကျန်နေတဲ့သူတွေက များကြီးပေါ့၊ လာလုပ်တဲ့သူတွေနည်းနေတော့သူတို့ကကုန်ပြီးထင်တာ၊ အစက၁၀ လပိုင်းအထိ လုပ်ပေးမယ်လို့ ပြောထားတယ်၊ သူတို့လည်းအချိန်ပေးထားတာအကြာကြီးပဲဆိုတော့ ဒီတစ်ပတ်နောက်ဆုံးပဲ ” ဟု ဆိုသည်။

    ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားတို့သည် ထိုင်းအစိုးရမှ သတ်မှတ်သည့်ကာလတို့တွင် ပန်းရောင်ကဒ်ခေါ်(pink card)ကို ပြုလုပ်ရမည်ဖြစ်ပြီး ထိုကဒ်ရရှိပြီးပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) စာအုပ်အစိမ်းကို ပြုလုပ်ရမည်ဟု သိရသည်။

    ထို့ကြောင့် ယခုဇူလိုင်လအတွင်း ပန်းရောင်ကဒ် လုပ်ဆောင်ပေးရန်ရှိသည်ဟု ထိုင်းအာဏာပိုင်တို့မှ ပြောဆိုလာခြင်းကြောင့် ရုံးမပိတ်ခင် ရက်ပိုင်းအတွင်း CI စာအုပ်လာရောက်လုပ်ဆောင်ရန်လည်း စာအုပ်ဝန်ဆောင်မှု လုပ်ဆောင်ပေးနေသူတို့က တိုက်တွန်းထားသည်။

    ယခင်က CI စာအုပ်ထုတ်ပေးရေးစင်တာတို့ကို အောက်တိုဘာလကုန်အထိဆောင်ရွက်ပေးသွားမည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော်လည်း မြန်မာစစ်ကောင်စီဘက်မှ ပိတ်သိမ်းရန် တောင်းဆိုထားမှုကြောင့် ပြီးခဲ့သည့်ဇွန်လ ၂၈ ရက်နေ့တွင် ပိတ်သိမ်းရန် ထိုင်းအစိုးရမှ ကြေညာလာသည်ဟု သိရသည်။

    CI စာအုပ်တစ်အုပ်၏ သက်တမ်းသည် ၄ နှစ်ရှိပြီး စာအုပ်သက်တမ်းတိုးခြင်း၊ စာအုပ်အသစ်ပြုလုပ်ခြင်းလုပ်ဆောင်ရာတွင် ပွဲစားတို့ထံ ဘတ်ငွေသောင်းဂဏန်းအထိ ပေးဆောင်နေရသည်ဟု သိရသည်။

    ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ တရားဝင်မှတ်ပုံတင်ထားသည့်မြန်မာအလုပ်သမားစုစုပေါင်း ၂သန်း ၃ သိန်းကျော်ရှိပြီး အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၂သန်းကျော်ခန့်ရှိမည်ဟုအလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သူတို့က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks