spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းလားရှိုးမြို့ပေါ် လက်နက်ကြီးကျကွဲမှုကြောင့် နှစ်ရက်အတွင်း ဒေသခံ ၁၂ ဦးထက်မနည်း သေဆုံး

    လားရှိုးမြို့ပေါ် လက်နက်ကြီးကျကွဲမှုကြောင့် နှစ်ရက်အတွင်း ဒေသခံ ၁၂ ဦးထက်မနည်း သေဆုံး

    -

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်ရပ်ကွက်များအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ရက်အတွင်း ဒေသခံ ၁၂ ဦးထက်မနည်း သေဆုံးသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဇူလိုင်လ ၄ ရက်နေ့နံနက်ပိုင်းတွင် လားရှိုးမြို့ပေါ် ၁၀ ရပ်ကွက်၊ ၉ ရပ်ကွက်၊ ၅ ရပ်ကွက်နှင့် ၁၁ ရပ်ကွက်ရှိ ဒေသခံနေအိမ်ခြံဝင်းများအပြင် ဂေါက်ကွင်းနှင့် မြို့အနီးနားကျေးရွာများတွင်လည်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သည်။

    မြို့ပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဇူလိုင်လ ၄ ရက်နေ့တွင် ဒေသခံပြည်သူ ၆ ဦး ထပ်မံသေဆုံးခဲ့ပြီး ဇူလိုင်လ ၃ ရက်ကလည်း လက်နက်ကြီးထိမှန်ပြီး ဒေသခံ ၆ ဦး သေဆုံးသွားခဲ့သည်။

    “ဒီနေ့ ၅၀၇ ဘက်မှာ ပစ်သံကြားတယ်။ လက်နက်ကြီးတွေကတော့ တောက်လျှောက်ပဲ။ တင့်ကားတွေ ၅၀၇ ဘက်ကိုသွားနေတာတွေ့တယ်။ မနက်က မြို့ပြင်နားကကျောင်းကိုလည်း လက်နက်ကြီးမှန်တယ်။ ကလေးတွေက စစ်ရှောင်နေကြတော့ ဘယ်သူမှတော့အထိအခိုက်မရှိလိုက်ဘူး” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

    ယနေ့နံနက်ပိုင်းတွင် စစ်ဘေးရှောင်များတည်းခိုနေသည့် လားရှိုးမြို့ ၅ ရပ်ကွက်၊ ပန်အုတ်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သေးသည်။

    လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်နှင့် အမျိုးသမီးအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း သေဆုံးမှု ရှိ၊ မရှိကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    လက်ရှိတွင် လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီ တင့်ကားများ လှည့်ပတ်နေပြီး ဒရုန်းများဖြင့်လည်း မြို့ပေါ်တွင် လှည့်ပတ်နေကြောင်း မြို့ခံများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks