Sunday, March 8, 2026
More
    spot_img
    Homeသတင်းလိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံရသူများ အသက်အန္တရာယ်စိုးရိမ်လို့ နှုတ်ဆိတ်နေရ

    လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံရသူများ အသက်အန္တရာယ်စိုးရိမ်လို့ နှုတ်ဆိတ်နေရ

    -

    မွန်-ကရင်အစပ် စစ်ရေးပဋိပက္ခပြင်းထန်ခဲ့သည့် ဂျိူင်းမြစ်ဒေသတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည့် စစ်ကောင်စီတပ်တို့မှ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများရှိခဲ့သော်လည်း ထုတ်ဖော်မပြောဆိုရဲပဲ ဖြစ်နေကြသည်ဟု အမျိုးသမီးနှင့် ကလေးသူငယ်အရေး လှုပ်ရှားသူတို့ထံမှ သိရသည်။

    လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံရသူများသည် ၎င်းတို့ ကျူးလွန်ခံရကြောင်း သတင်းထွက်ပေါ်လာပါက စစ်တပ်မှ အန္တရာယ်ပြုလာမည်ကို စိုးရိမ်နေကြသည်ဟု အမျိုးသမီးနှင့် ကလေးသူငယ်အရေး လှုပ်ရှားနေသူတစ်ဦးက ပြောသည်။

    “ထုတ်ပြောလိုက်ရင် ပစ်သတ်ခံရမှာ ကြောက်ကြတယ်။ ဒီအကြောင်းတွေ ပေါ်သွားရင် ဘယ်သူ့ဆီကနေ ထွက်လာတာလဲ။ လာရောက်ပစ်သတ်လိုက်မှာ ကြောက်ကြတယ်။ ဒီအကြောင်းတွေ ပေါ်သွားရင် ကာယကံရှင်တွေက တခုခုဖြစ်လာမှာကို စိုးရိမ်းလို့ မပြောရဲကြတာ” ဟု ၎င်းက ပြောသည်။

    ဂျိုင်းမြစ်ဒေသ ကော့ဘိန်း၊ ကော့စွယ်ကျေးရွာဘက်သို့ ဧပြီလ ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်။

    ဒေသတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည့် စစ်ကောင်စီတပ်တို့မှ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ၅ ခုထက်မနည်း ရှိနေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်တို့မှ သိရသော်လည်း အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

    ကျူးလွန်ခံရသူများအတွက် အကာအကွယ်ပေးနိုင်သည့် အဖွဲ့အစည်းမရှိသလို တရားစီရင်ရေးအပိုင်းလည်း မရှိတော့သည့်အခြေအနေကြောင့် နှုတ်ဆိတ်နေရသည်သည်ဟုလည်း ဒေသခံတွင်း အမျိုးသမီးအရေး လှုပ်ရှားနေသူတို့က ဆိုသည်။

    “သူတို့ကို ကာကွယ်ပေးမယ့်လူ၊ တာဝန်ယူ၊ တာဝန်ခံ ပေးနိုင်တဲ့လူ၊ အဖွဲ့အစည်းတွေလည်း မရှိဘူး။ ပိုဆိုးတာက တရားစီရင်ရေးလည်း မရှိတော့ ပြောလိုက်ရင် သူတို့အတွက် လုံခြုံမှုမရှိဘူး” ဟု ဒေသတွင်း အမျိုးသမီးအရေး လှုပ်ရှားနေသူတစ်ဦးက ပြောသည်။

    ကျုးလွန်ခံရသူများအနေဖြင့် မိမိတို့ ကျူးလွန်ခံရသည့်အကြောင်းကို နှုတ်ဆိတ်နေပါက ကျူးလွန်သူတို့က ဆက်လက်ကျူးလွန်ရန် အားပေးစေသလိုဖြစ်သည့်အတွက် မိမိတို့ ကျူးလွန်ခံရကြောင်းကို တနည်းနည်းဖြင့် ထုတ်ဖော်ပြောဆိုသင့်ကြောင်း နှုတ်ဆိတ်မနေသင့်ကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း တာဝန်ရှိသူက ပြောသည်။

    စစ်ကောင်စီတပ်တို့က ဂျိုင်းမြစ်ဒေသတွင် ယနေ့ထိ တပ်စွဲထားဆဲဖြစ်ပြီး လမ်းသွား လမ်းလာ အမျိုးသမီးငယ်များကို နှောင့်ယှက်တာ၊ လူလတ်ပိုင်းအမျိုးသမီးဆိုလျှင် ခေါ်ပြီး ထမင်းဟင်းချက်ခိုင်းတာ၊ ညအချိန်မတော် နေအိမ်တံခါးခေါက်ပြီး နှောင့်ယှက်တာတွေကို မကြာခဏ လုပ်ဆောင်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဂျိုင်းမြစ်ဒေသ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မတ်လ ၂၅ ရက်နေ့မှစပြီး ဂျိုင်းမြစ်ဒေသတလျှောက်တွင် စစ်ရေးပဋိပက္ခ ပြင်းထန်လာခဲ့သည်။

    ဂျိုင်းမြစ်ဒေသတွင်း စစ်ရေးပဋိပက္ခအတွင်း စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင်း အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်နှင့် မီးတင်ရှို့မှုကြောင်း နေအိမ်အလုံး ၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks