spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းANP ပါတီ မှတ်ပုံတင်လျှောက်ထားမှု စစ်ကောင်စီ ငြင်းပယ်

    ANP ပါတီ မှတ်ပုံတင်လျှောက်ထားမှု စစ်ကောင်စီ ငြင်းပယ်

    -

    ရခိုင်အင်အားကြီးနိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) ပါတီ၏ မှတ်ပုံတင်လျှောက်ကို စစ်ကောင်စီက ငြင်းပယ်ကြောင်း ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့သည်။

    ANP ပါတီ၏ လျှောက်ထားမှုကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စိစစ်ချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၇ ပါ ပြဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိရကြောင်း ဖော်ပြထားသည်။

    ထို့ကြောင့် ANP ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်းနှင့် ပါတီဆက်လက် တည် ထောင် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၇ တွင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသာ အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်ကသတ်မှတ်သော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်းများကို မှတ်ပုံတင်လျှောက်ထားခွင့် မရှိစေရဟု ပြဌာန်းထားသည်။

    ANP ၏ ဗဟို မူဝါဒရေးရာ ကော်မတီဝင် ဦးစံကျော်လှသည် လက်ရှိ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသော အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ယောက္ခမ တော်စပ်သူဖြစ်သည်။

    အလားတူ ANP ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်ဖြစ်သူ ဦးဦးလှစောသည် ပါတီမှ နုတ်ထွက်ကာ AA ၏ နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်။

    ရခိုင်အမျိုးသားပါတီ (ANP) ကို ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့ပြီး အင်းအားကြီး တိုင်းရင်းသားနို င်ငံရေးပါတီတစ်ခု ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks