Monday, March 9, 2026
More
    spot_img
    Homeသတင်းရေးမြို့ပေါ်တွင် ဧည့်စာရင်းစစ်ဆေးမှု ထပ်မံတင်းကြပ်နေ

    ရေးမြို့ပေါ်တွင် ဧည့်စာရင်းစစ်ဆေးမှု ထပ်မံတင်းကြပ်နေ

    -

    မွန်ပြည်နယ် ၊ရေးမြို့ပေါ်တွင် စစ်ကောင်စီမှ ဧည့်စာရင်းစစ်ဆေးမှု ထပ်မံတင်းကြပ်နေခြင်းကြောင့် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဧည့်စာရင်းတိုင်ကြားသူများလျှက်ရှိသည်ဟု သိရသည်။

    စစ်ကောင်စီမှ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစပြီး ရေးမြို့ပေါ်ရပ်ကွက်အချို့တွင် တစ်အိမ်တက်တစ်အိမ်ဆင်းကာ လူဦးရေစာရင်းနှင့်တကွ  လာရောက်စိစစ်နေခြင်းကြောင့် ဒေသခံတို့ကြား စိုးရိမ်လျှက်ရှိသည်ဟု သိရသည်။

    “လာစစ်တဲ့အချိန်မှာ အုပ်ကြီးမပါဘူး သူတို့ဟာသူတို့(စစ်ကောင်စီအဖွဲ့) ဝင်စစ်တာ အဲ့တော့ ဧည့်စာရင်းလာတိုင်တဲ့လူလည်း များသွားတာပေါ့ မြို့ပေါ်က တစ်မြို့လုံးပဲ ဧည့်စာရင်းသွားတိုင်ကြတယ် ကြောက်လို့လေ၊ အောင်မင်္ဂလာရပ်ကွက်ဆိုရင် အယောက် ၅၀ လောက်ရှိတယ် သွားတိုင်ကြတာ ”ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

    အထူးသဖြင့် ရေးမြို့ပေါ်ရှိ သီရိနန္ဒာရပ်ကွက်နှင့် အဏ္ဏဝါရပ်ကွက်တို့တွင် ညစဉ်နီးပါးလာရောက်စစ်ဆေးလျှက်ရှိပြီး ဧည့်စာရင်းမတိုင်ထားသည့် သူတို့ကိုလည်း ဖမ်ဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

    လက်ရှိ ရေးမြို့အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဧည့်စာရင်းလာရောက်တိုင်ကြားသူများလျှက်ရှိပြီး တစ်ဦးလျှင် ငွေကျပ်သောင်းဂဏန်းအထိ ကောက်ခံနေသည်ဟုလည်း ရေးမြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

    “ဧည့်စာရင်းက အရင်ကဆို သတင်းထူးမှလာစစ်တယ်၊ အခုမှရာက်လာတဲ့လူတွေ ဧည့်စာရင်းမတိုင်ထားရင် သူတို့လာစစ်တဲ့အချိန်နဲ့မိသွားရင်အပြစ်ဖြစ်မှာပေါ့ ရပ်ကွက်တိုင်းကို စစ်ဆေးတာမဟုတ်ဘူး သူတို့ မသကာၤတဲ့နေရာတွေမှာ စစ်တယ်၊ ပိုက်ဆံကောက်ခံတာတွေလည်း ရှိတယ် ” ဟု ဆိုသည်။

    ပြီးခဲသည့် ဇွန်လ ၁၄ရက်နေ့တွင် စစ်ကောင်စီအဖွဲ့မှ ဝင်ရောက်စစ်ဆေးရာတွင် ဧည့်စာရင်းမတိုင်ကြားထားသည်ဟုဆိုကာ အဆိုပါ သိရိနန္ဒာရပ်ကွက်နှင့် အဏ္ဏဝါရပ်ကွက်မှ ဒေသခံ ၂၀ နီးပါးဖမ်းဆီးခေါ်သွားသည်ဟုလည်း သိရသည်။

    ဖမ်းဆီးဆောင်သွားသူတို့မှ ဒဏ်ငွေဆောင်သူတို့ကို ပြန်လည်လွှတ်ပေးပြီး အချို့ကို ထိန်းသိမ်းထားဆဲဖြစ်သည်။

    ရေးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုတို့ ပုန်းခိုခြင်းမရှိစေရန် ဧည့်စာရင်းစစ်ဆေးမှု ဆက်တိုက်လုပ်ဆောင်လာသည့်အပြင် ငွေညှစ်တောင်းခံမှုတို့ရှိနေသည်ဟု သိရသည်။

    ဧည့်စာရင်းတိုင်ကြားသည့်စနစ်ကို ယခင်အရပ်သားအစိုးရလက်ထက်က ဖျက်သိမ်းခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်  ပြန်လည်ကျင့်သုံးလာသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks