Monday, March 9, 2026
More
    spot_img
    Homeသတင်းဖမ်းဆီးခံရသည့် ကျိုက်ထိုလူမှုကူညီရေးအဖွဲ့ဝင် ၄ ဦး အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံထားရ

    ဖမ်းဆီးခံရသည့် ကျိုက်ထိုလူမှုကူညီရေးအဖွဲ့ဝင် ၄ ဦး အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံထားရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ဖမ်းဆီးခံထားရသည့် ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း ကော့စနိုင်လူမှုကူညီရေးအဖွဲ့နှင့် နီးစပ်သည့် မြို့ခံတို့ထံမှ သိရသည်။

    ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးမြအောင်နှင့် သမီးဖြစ်သူ မချောစုရတနာ၊ ဦးချမ်းသာအောင်၊ ဦးစိုးလှိုင်နှင့် ၎င်းတို့ မိတ်ဆွေအမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်တို့က ဇွန်လ ၁၃ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

    ဖမ်းဆီးသွားပြီးနောက် ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီလှုပ်ရှားမှုကို PDF ထံ သတင်းပေးပို့ခြင်း၊ PDF ကို ငွေကြေးထောက်ပံ့ခြင်းဆိုသည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီက အမှုဖွင့်အရေးယူလိုက်ခြင်းဖြစ်သည်။

    “ PDF တွေကို ထောက်ပံ့တယ်။ PDF တွေကို သတင်းပေးလုပ်နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတယ်။ အခုကတော့ သူတို့ ၄ ဦးစလုံးကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့တော့ သိရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

    ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၄ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က)၊ ၅၄ တို့ဖြင့် အမှုဖွင့်ခံထားရသည်ဟု ဆိုသည်။

    လက်ရှိတွင် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် အဆက်အသွယ်မရသလို ၎င်းတို့နှင့်အတူ ဖမ်းဆီးခံထားရသူ ၄ ဦးတို့နှင့်လည်း အဆက်အသွယ်မရကြောင်းလည်း သိရသည်။

    ပြီးခဲ့သည့် မေလအတွင်းကလည်း ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက်တွင် အရက်ထိုင်သောက်နေကြသည့် လူငယ် ၅ ဦးကို စစ်ကောင်စီတပ်တို့မှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ လူငယ် ၁ ဦးသေဆုံးသွားခဲ့ပြီး ကျန် ၄ ဦးကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု မြို့ခံတို့ထံမှ သိရသည်။

    မွန်ပြည်နယ်တွင် PDF ကို ထောက်ပံ့ခြင်း၊ PDF နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီတပ်တို့က မကြာခဏ ဖမ်းဆီးနေပြီး အများစုက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်ခံနေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks