spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းဆန်ဈေးနှုန်းသတ်မှတ်ရောင်းချစေသည့်နောက် ဆန်ဈေးကွက်အတွင်းဆန်အရောင်းအဝယ်ပါး

    ဆန်ဈေးနှုန်းသတ်မှတ်ရောင်းချစေသည့်နောက် ဆန်ဈေးကွက်အတွင်းဆန်အရောင်းအဝယ်ပါး

    -

    မွန်ပြည်နယ်အတွင်း ရန်ကုန်မှတင်သွင်းလာသည့်ဆန်တို့ကို ဈေးနှုန်းရည်ညွှန်းစာနှင့်တကွ ပို့ဆောင်ကာ ရောင်းဝယ်စေသည့်နောက် ဆန်လက်ကား ရောင်းဝယ်မှုရပ်တန့်နေသည် ဆိုသည်။

    သတ်မှတ်ထားသည့်ဆန်ဈေးနှုန်းတို့သည့် ယခင်ပေါက်ဈေးအောက် ၅ ထောင်ဝန်းကျင်အထိ ကျဆင်းနေသည့်အပြင် လက်ကားဝယ်ယူရာတွင် စစ်ဆေးတင်းကြပ်မှုများနေခြင်းကြောင့် အရောင်းအဝယ် ရပ်တန့်နေသည်ဟု မုဒုံမြို့နယ်မှ ဆန်ကုန်သည်တစ်ဦးက ဆိုသည်။

    “ဆန်တစ်အိတ်ကို ၄/၅ ထောင်ဈေးကျနေတယ်။ အရောင်းအဝယ်မရှိတာ၊ လက်ကားသမားတွေကသိပ်များများ မဝယ်ရဲထားဘူး။ ငါးအိတ်လောက်ပဲဝယ်ကြတာ၊ အစစ်ဆေးတွေကြောင့်နဲ့ဝယ်မထိန်းကြတော့ဘူး၊ဈေးထပ်ကျရင် ကျနိုင်တယ်ဆို ယူနေတဲ့ ဆိုင်ကနေသူတို့ပေးထားတဲ့ သတ်မှတ်စာရွက်တွေကိုပို့လာတာ အစစ်ဆေးလာရင်လည်း အဲ့စာကိုပြပေးရမယ်တဲ့ စပါးတွေက သူတို့လဲမရောင်းတော့ဘူးဒီဈေးနဲ့ဆို ဆန်စက်လည်ပတ်တာက ရပ်နား ထားရတယ် ”ဟု ဆိုသည်။

    လက်ရှိ ပေါ်ဆန်မွှေးတစ်အိတ်လျှင် ၁၃၃၀၀၀ ကျပ်ဝန်းကျင်နှင့် ကောက်ကြီးဆန်တစ်အိတ်လျှင် ၁၀၅၀၀၀ ဝန်းကျင်ဟု သတ်မှတ်ထားပြီး ယခင်က ပေါ်ဆန်မွှေးတစ်အိတ်ကို ၁၃၅၀၀၀ ကျပ်နှင့် ကောက်ကြီးဆန် တစ်အိတ်ကို ၁၁၀၀၀၀ ကျပ်ဈေးနှုန်းပေါက်ဈေးဖြင့် ရောင်းချနေသည်ဟုလည်းမော်လမြိုင်ဆန်ပွဲရုံတို့ထံမှ သိရသည်။

    ၎င်းပြင် အလည်အလတ်တန်းစပါးဖြစ်သည့် ကောက်ကြီးစပါးတင်း ၁၀၀ လျှင် ယခင် ၃၅ သိန်းပေါက်ဈေးရှိနေပြီး လက်ရှိတွင် သိန်း၃၀ ဝန်းကျင်သာ သတ်မှတ်ရောင်းချစေသည်ဟု သိရသည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မွန်ပြည်နယ်ဆန်စပါးအသင်းအဖွဲ့နှင့် ဆန်စက်လုပ်ငန်းရှင်တို့ကို ခေါ်ယူတွေ့ဆုံကာ ဆန်စပါးတို့ကိုအကန့်အသတ်ဖြင့်သိုလှောင်ရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြရန် ညွှန်ကြားပြောဆိုထားသည်ဟု ပေါင်မြို့နယ်မှ ဆန်ကုန်သည်တို့ထံမှသိရသည်။

    “ဆန်ကြမ်းကိုတစ်ပြည် ၃၀၀၀ ပေးရောင်းတယ်၊ ဆန်ချောဆို ၅၀၀၀ ဈေးတင်ရောင်းတာတွေ မလုပ်မိဖို့ မနေ့ကလည်းဆိုင်တွေမှာ လိုက်မေးတာတွေလုပ်တယ်ဆိုတော့ အရင်ကရထားတဲ့ဈေးတွေနဲ့ ပြန်ရောင်း နေရ တယ်။ ဈေးလျော့ရောင်းနေရတယ်။ နောက်ထပ် ယူရင်ဈေးကျရင်တော့ အဆင်ပြေမယ် ဈေးထပ်တက်ရင် တော့ပိုရှုံးတာ၊ကုန်တိုက်မှာဆို ဆိုပိုတောင်မကိုက်နေဘူး" မော်လမြိုင်ဆန်ပွဲရုံတာဝန်ရှိသူတို့မှ သိရသည်။

    မြန်မာနိုင်ငံဆန်စပါးအသင်းမှ ဇွန်လ ၂၄ ရက်မှစ၍ ဆန်စပါးဈေးနှုန်းကန့်သတ်လာသည့်နောက် ရန်ကုန်တိုင်းဒေသကြီးရှိ အဆိုပါသတ်မှတ်ဈေးအတိုင်း ရောင်းချနေသည့်ဆိုင်တို့တွင် အိမ်ထောင်စု စာရင်းမိတ္တူနှင့် မှတ်ပုံတင်မူရင်းပြသနိုင်မှ ရောင်းချပေးနေသည်ဟု သိရသည်။

    ၎င်းအပြင် ဖမ်းဆီးစစ်ဆေးမှုနှင့် ဆန်ဈေးကွက်အခြေအနေတို့ကြောင့် ဈေးဝယ်စင်တာအချို့ ဆန်မရောင်းချနိုင်သည်အထိ ဖြစ်နေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks