Monday, March 9, 2026
More
    spot_img
    Homeသတင်းဇွန်လအတွင်း ပေါင်မြို့နယ် ဒေသခံ ၄ ဦး ဖမ်းဆီးခံထားရ

    ဇွန်လအတွင်း ပေါင်မြို့နယ် ဒေသခံ ၄ ဦး ဖမ်းဆီးခံထားရ

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် ပတ်သတ်ဆက်နွယ်နေသည်ဟု ဆိုကာ ယခုဇွန်လအတွင်း ဒေသခံ ၄ ဦးဖမ်းဆီးခံထားရသည်ဟု သိရသည်။

    ဖမ်းဆီးခံရသူတို့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အား ထောက်ပံ့ခြင်း၊ ပတ်သတ်ဆက်နွယ်နေခြင်းတို့ကြောင့် ရဲစခန်းမှတစ်ဆင့် ဆင့်ခေါ်ဖမ်းဆီးသည့်အပြင် အရပ်ဝတ်ဖြင့် အိမ်တိုင်ရာရောက် ဖမ်းဆီးနေသည်ဟု သိရသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့တွင် ပေါင်မြို့နယ် ၊အင်ပြောင်းကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာနေ အုပ်ချုပ်ရေးမှုုးဟောင်းတစ်ဦးဖြစ်သည့် ဦးကြာညိုနှင့်သားဖြစ်သူတို့ကို ရဲစခန်းမှတစ်ဆင့် ဆင့်ခေါ်ကာ  ဖမ်းဆီးခဲ့ပြီး ဇွန် ၁၅ရက်နေ့တစ်ရက်တည်းတွင် ဥတ္တတားကျေးရွာအတွင်းနေထိုင်သည့် ဦးဇော်ဝင်းနှင့် မဖြူတို့ကို PDF တို့နှင့်ပတ်သတ်ဆက်နွယ်နေသည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    “ဖမ်းထားတာက ၄ ယောက်ရှိတယ်။ pdf နဲ့ပတ်သက်တယ်ဆိုပြီးတော့လေ ကြာညိုနဲ့သူ့သားက pdf တွေကိုငွေကြေးထောက်ပံ့လို့ဆိုပြီးဖမ်းဆီးခံရတာ။ မဖြူက PDF ထောက်ပို့တာဝန်ခံလို့ပြောတယ်၊ ပြီးတော့ ဇော်ဝင်းကို အဲဒီ pdf ခါင်းဆောင်နဲ့ အဖွဲ့သားတွေကို သူ့ထော်လာဂျီနဲ့ သွားပို့ထားတာ ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    လက်ရှိဖမ်းဆီးခံထားရသည့် ဦးကြာညိုကို အကြမ်းဖက် ဥပဒေပုဒ်မ – ၅၀ (ည)နှင့် ၅၂ (က)တို့ဖြင့် တရားစွဲဆိုထားပြီး ကျန်ရှိသည့်သူတို့ကိုလည်း ပေါင်မြို့မရဲစခန်းတွင်း ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်ဟု သိရသည်။

    ယခုရက်ပိုင်းအတွင်း ပေါင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ ပြန်လည်ဝင်ရောက်လှုပ်ရှားမည်ဟု သတင်းရရှိထားခြင်းကြောင့် ကျေးရွာအတွင်း သံသယရှိသူဟုထင်ရသည့် ဒေသခံတို့ကို မကြာခဏဖမ်းဆီး စစ်ဆေးလျှက်ရှိသည်ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “လွန်ခဲ့တဲ့ ( ၅)ရက်က ဥတ္တတာမှာ pdf ခေါင်းဆောင်နဲ့ သူတို့အဖွဲ့ ၅ယောက် ရောက်လာတယ် နောက်ထပ် အယောက် ၃၀ ထပ်ရောက်နေတယ်လို့ ကြားနေတော့ အဲတော့ အာဏာပိုင်တွေက လိုက်လံဖမ်းဆီးမှုများနေတယ်ပေါ့" ဟု ဆိုသည်။

    ၎င်းအပြင် ပေါင်မြို့နယ်တွင် မိုးရာသီအတွင်း လူသွားလူလာများသည့် ဇင်းကျိုက်ရေတံခွန်နှင့် ဆင်ရွာရေတံခွန်တို့တွင် အရပ်သားပုံစံဖြင့် စစ်ဆေး ဖမ်းဆီးမှုလုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

    နိုင်ငံရေး အကျဉ်သားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းအရ ဇွန်လ ၂၆ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း စစ်ကောင်စီတပ်နှင့် ဖမ်းဆီးခံထားရသူ (၂၆၉၁၅) ဦး အနက်မွန်ပြည်နယ်မှ နိုင်ငံရေးအကျဉ်းသား (၆၀၀) ဦးပါဝင်နေသည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks