Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် အရပ်သားများညှင်းပန်းနှိပ်စက်ခံရမှု ပိုမိုဆိုးရွားလာဟု KHRG ဆို

    မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် အရပ်သားများညှင်းပန်းနှိပ်စက်ခံရမှု ပိုမိုဆိုးရွားလာဟု KHRG ဆို

    -

    မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ အရပ်သားများအပေါ်ညှင်းပန်းနှိပ်စက်မှုဖြစ်စဉ် ပိုများလာသည်ဟု ဇွန်လ၂၆ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာညှင်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးနေ့တွင် ကရင်ပြည်လူ့အခွင့်အရေးအဖွဲ့ KHRG မှ ထုတ်ပြန်ပြောဆိုထားသည်။

    ကရင်ပြည်လူ့အခွင့်အရေးအဖွဲ့ KHRG ၏ စာရင်းအရ ၂၀၂၃ ခုနှစ်တစ်နှစ်တာအတွင်း ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ရပ် ၃၃ ခု၊ လူသားဒိုင်အဖြစ် အသုံးပြုခြင်းနှင့်အဓမ္မပေါ်တာအဖြစ် ခိုင်းစေသည့်ဖြစ်စဉ် ၁၃ ခုရှိပြီး အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်တွင် ဒေသခံ ၁၄၀ ကျော် ကျူးလွန်ခံနေရသည်ဟု ဖော်ပြထားသည်။

    အထူးအဖြင့် အရှေ့တောင်ပိုင်းဒေသတွင် တော်လှန်ရေးအင်အားစုတို့ကို ထောက်ပံနေသည့် စွဲဆိုချက်နှင့် စစ်ကောင်စီထံ ညှင်းပန်းနှိပ်စက်ခံရသူပိုများနေသည်ဟု KHRG ၏ပြောရေးဆိုခွင့်ရှိသူ စောနန္ဒာဆူးက ဆိုသည်။

    “ဘာကြောင့် ညှင်းပန်းနှိပ်စက်မှုတွေကပိုများလာရသလဲဆိုတော့ စစ်ကောင်စီကလုပ်ဆောင်နေကျစစ် ရေးနည်းဗျုဟာတစ်ခုလည်းဖြစ်တယ်ပေါ့နော်။စစ်ကောင်စီတပ်အနေနဲ့ မြေပြင်မှာထိုးစစ်ဆင်မှုပြုတဲ့ အခါမှာသော်လည်းကောင်း အရှေ့တန်းမှာရောက်နေတဲ့အခါသော်လည်ကောင်း ဖြစ်ရပ်အများစုကညှင်းပန်းနှိပ်စက်ခံရသူပြည်သူတော်တော်များများက စစ်ကောင်စီအနေနဲ့ သူတို့ကို အဲလိုယူဆချက်နဲ့ဖမ်းဆီးတာများတယ် ” ဟုဆိုသည်။

    ၎င်းအပြင် စစ်ကောင်စီအဖွဲ့မှ အရပ်သားများအား လေးလံသောဝန်များသယ်ဆောင်ခိုင်းခြင်း၊ တိုက်ပွဲများ သို့မဟုတ် မြေမြှပ်မိုင်းများရှိသောနေရာများသို့ လူသားဒိုင်းအဖြစ် အတင်းအကြပ်ခေါ်ဆောင်သွားခြင်း၊ အဓမ္မဖမ်းဆီးထိန်းသိမ်းထားစဉ်တွင် နှုတ်နှင့်ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများလုပ်ဆောင်နေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    ညှင်းပန်းနှိပ်စက်မှုတို့တွင် အမျိုးသားများပါဝင်မှုများပြီး အထူးသဖြင့် စစ်ကောင်စီတပ်စခန်းနှင့် နီးသည့်မြို့ရွာတို့တွင် မကြာခဏဖြစ်ပွားလေ့ရှိဟု ဆိုသည်။

    စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံထားရသူတို့သည် ပြန်လည်ထူထောင်မှုလုပ်ဆောင်ရာတွင် အကူညီရရှိမှု အားနည်းနေသည့်အတွက် ကိုယ်ထူကိုယ်ထပုံစံဖြင့်သာ ဖြေရှင်းနေရသည်ဟု စောနန္ဒာဆူးက ဆက်ပြောသည်။

    “တော်တော်များများကကျတော့ ညှင်းပန်းနှိပ်စက်ခံရတဲ့အခြေနေပေါ်မှာမူတည်ပြီးပေါ့နော် လိုအပ်တဲ့ဆေးဝါးကုသမှုတွေက ကိုယ်တိုင်ဖြေရှင်းနေရတာတွေကများပါတယ်။ မိသားစုဝင်တွေအနေနဲ့ လည်းပဲ ပြန်လည်သက်သာဖို့ပပျောက်ဖို့က ဝိုင်းဝန်းလုပ်ဆောင်နေတာတွေရှိတယ်ပေါ့နော် ” ဟု ဆိုသည်။

    ဒေသခံအရပ်ဘက်နှင့် လူမှုအဖွဲ့စည်းများ( CSOs/ CBOs) တို့အနေဖြင့် ကျုးလွန်မှုမှလွတ်မြောက်လာသူများနှင့် ၎င်းတို့၏မိသားစုဝင်များအား စိတ်ပိုင်းဆိုင်ရာ ဥပဒေပိုင်းဆိုင်ရာနှင့် ငွေကြေးအကူညီများပေးအပ်ခြင်းသည် အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်ခြင်းကြောင့် ပံ့ပိုးမှုအစီစဉ်များကို ချဲ့ထွင်ပံ့ပိုးရန်လည်း ကရင်လူ့အခွင့်ရေးအဖွဲ့ KHRG မှ တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks