spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်း၁၀၂၇ စစ်ဆင်ရေး ပြန်ဆက်ဟု TNLA ဆို

    ၁၀၂၇ စစ်ဆင်ရေး ပြန်ဆက်ဟု TNLA ဆို

    -

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးကုတ်၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ ကြား ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး အဆက်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA မှ ထုတ်ပြန်သည်။

    TNLA တပ်မဟာ(၂) စစ်ဒေသရှိ နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာ၊ ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းနှင့် မိုးကုတ်မြို့နယ် ပန်းဆပေရွာဘက်တွင် စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများလည်း ရှိနေသည်။

    တိုက်ပွဲကြောင့် ကျောက်မဲမြို့ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံ ၃ ဦးလက်နက်ကြီး ထိမှန်သေဆုံးထားကြောင်း ဒေသခံများထံမှ သိရသည်။

    ၎င်းပြင် တိုက်ပွဲဖြစ်ပွားရာ မြို့ပေါ်ရပ်ကွက်များတွင် လူအသွားအလာမရှိတော့သလို မြို့ချင်းဆက် လမ်းပိုင်းအချို့ကိုလည်း နှစ်ဘက်အဖွဲ့အစည်းများက ပိတ်ဆို့ထားမှုများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

    လက်ရှိ ဆက်လက်ဖြစ်ပွားနေသော ၁၀၂၇ စစ်ဆင်ရေးတွင် TNLA အပြင် ရက္ခိုင့်တပ်တော် AA၊ ကိုးကန့်တပ်တော် MNDA အပြင် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း ပူးပေါင်းတိုက်ပါဲဝင်နေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း တရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိသေးပေ။

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီး တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ဟိုက်ဂင်သဘောတူညီမှု ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရရှိခဲ့ကြသည်။

    ဟိုက်ဂင်သဘောတူညီချက် ရရှိပြီး ၅ လခန့်ကြာပြီးနောက် စစ်ကောင်စီတပ်နှင့် TNLA တို့ကား တိုက်ပွဲများပြင်းထန်လာပြီး ဟိုက်ဂင်သဘောတူညီချက် လုံးဝပျက်ဆီးသွားဟု စစ်ရေးလေ့လာစောင့်ကြည့်သူများက ဆိုသည်။

    စစ်ကောင်စီအနေဖြင့် ဟိုက်ဂင်တွင် လက်မှတ်ရေးထိုးထားသော်လည်း မကြာခဏဆိုသလို စာချုပ်ကို ချိုးဖောက်နေခဲ့ကြောင်း TNLA ဘက်က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks