spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းစစ်သားသစ်စုဆောင်းရေးဌာနမှ ထွက်ပြေးလာသည့်လူငယ် ၂ ဦးစစ်သင်တန်းကျောင်းသို့ ထပ်မံပို့ဆောင်ခံရ

    စစ်သားသစ်စုဆောင်းရေးဌာနမှ ထွက်ပြေးလာသည့်လူငယ် ၂ ဦးစစ်သင်တန်းကျောင်းသို့ ထပ်မံပို့ဆောင်ခံရ

    -

    မွန်ပြည်နယ် မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက်ရှိ စစ်သားသစ်စုဆောင်ရေးဌာနမှ ထွက်ပြေးလာသည့် လူငယ် ၂ ဦး ဦး ဖမ်းဆီးခံရပြီး စစ်သင်တန်းကျောင်းသို့ ထပ်မံပို့ဆောင်ခံရသည်ဟု သိရသည်။

    ပြီးခဲ့သည့် ဇွန်လ ၈ရက်နေ့တွင် ပေါင်မြို့နယ်မှ စစ်မှုထမ်းရန်ခေါ်ဆောင်လာသည့် လူငယ်အမျိုးသားတစ်ဦးနှင့် သံဖြူဇရပ်မြို့နယ်မှ စစ်မှုထမ်းလူငယ်တစ်ဦးတို့ စစ်သားသစ်စုဆောင်းရေးဌာနမှ ထွက်ပြေးခဲ့ရာ ထိုနေ့တွင် ပြန်လည်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    “ ဒီတတိယအသုတ်မှာပဲတော့ သူတို့ကို မော်လမြိုင်မှာ စုထားချိန်မှာ နှစ်ယောက်လုံးပြေးလာတော့ ကဒုံစီရပ်ကွက်မှာ သွားမိတယ် သူတို့လည်း ပြန်လုပ်မယ် သင်တန်းပြန်တက်မယ်လို့ပြောတော့ စစ်တပ်က ပြန်ခေါ်သွားတယ် ”ဟု မော်လမြိုင် မြို့ခံတစ်ဦးက ဆိုသည်။

    ဖမ်းဆီးရမိသည့်လူငယ် ၂ ဦးကို ပေါင်မြို့မရဲစခန်းတွင် ၈ရက်ကြာ ထိန်းသိမ်းထားပြီး ဇွန်လ ၁၆ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်ရှိ ဝဲကလိကျေးရွာအခြေစိုက် အမှတ် (၄) တပ်မတော်တန်းမြင့် သင်တန်းကျောင်းသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

    စစ်သင်တန်းမတက်ရောက်လျှင် စစ်မှုထမ်းဥပဒေပုဒ်မဖြင့် အရေးယူကာ ထောင်ဒဏ်ချမှတ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုလုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

    စစ်မှုထမ်းရန် ခြိမ်းခြောက်ပြောဆိုခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်းတို့သည် လူ့အခွင့်အရေးချိုးဖောက်မှု စစ်ရာဇဝတ်မှုမြောက်သည့်အပြင် ပြည်သူတို့ကို လူသားဒိုင်အဖြစ် အသုံးပြုနေသည်ဟုလည်း လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူတို့က ဆိုသည်။

    “ပြည်သူတွေလက်နက်ကိုင်ဖို့ ဆန္ဒမပါဘူး အဓမ္မစေခိုင်းတဲ့အတွက် စစ်ရာဇဝတ်မှုမြောက်တယ်ပေါ့ ဘာဖြစ်လဲဆိုတော့ ဒေသခံတွေက ဘယ်သူမှ စစ်ရေးနဲ့ပတ်သက်ပြီး မကျွမ်းကျင်ကြဘူး စစ်သင်တန်း ၃လလောက်ပေးပြီးတော့ စစ်တာဝန်ထမ်းဆောင်ခိုင်းတယ်ဆိုတော့ အမှန်တိုင်းပြောရရင် တိုက်ပွဲထဲမှာ လူသားဒိုင်အတားဆီးတစ်ခုယူပြီး သေခိုင်းတာနဲအတူတူပဲ လူအခွင့်အရေးထဲမှာ စစ်ရာဇဝတ်မှုပြင်းထန်မှုအများဆုံးဖြစ်တယ်”ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်းဒေရှင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    မွန်ပြည်လူ့အခွင့်အရေးဖောင်းဒေရှင်းမှ စာရင်းအရ မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် ၃ အထိ အတင်းအဓမ္မ စစ်မှုထမ်းသင်တန်းရောက်နေရသည့် လူငယ် ၈၀ ရာခိုင်နှုန်းရှိပြီး ကျန်သည့် ၂၀ ရာခိုင်နှုန်းတို့သည် ငွေကြေးဖြင့်ဝယ်ယူခဲ့သည့် နေ့စားအလုပ်သမားနှင့် ရွှေ့ပြောင်းလုပ်သားတို့ဖြစ်သည်ဟု ဆိုသည်။

    လက်ရှိမွန်ပြည်နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့ စစ်မှုထမ်းရန် ငွေကြေးမက်လုံးပေးကာ ခေါ်ယူမှုရှိသကဲ့သို့ အိမ်တိုင်ရာရောက် စည်းရုံးကာ အတင်းအကြပ် စစ်မှုထမ်းရန် ဆင့်ခေါ်နေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks