spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီတပ်မှ မျောက်ချောဒေသခံ ၅ ဦးကို ဖမ်းဆီးရိုက်နှက်ထားပြီး ၁ ဦးပျောက်ဆုံးနေ

    စစ်ကောင်စီတပ်မှ မျောက်ချောဒေသခံ ၅ ဦးကို ဖမ်းဆီးရိုက်နှက်ထားပြီး ၁ ဦးပျောက်ဆုံးနေ

    -

    စစ်ကောင်စီတပ်တို့ ရေဖြူမြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ထားဝယ်ခရိုင်၊ မျောက်ချောကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာစဉ် မျောက်ချော ဒေသခံ ၅ ဦးကို ဖမ်းဆီးရိုက်နှက်ထားပြီး ၁ ဦးပျောက်ဆုံးနေသည်ဟု သိရသည်။

    စစ်ကြောင်းထိုးဝင်ရောက်လာသည့် ဇွန်လ ၂၀ ရက်နေ့တွင် မျောက်ချောကျေးရွာအတွင်း စားနပ်ရိက္ခာဝင်ယူသည့် အမျိုးသား ၄ ဦးကို ဖမ်းဆီးကာ အပြင်းအထန်ရိုက်နှက်ထားပြီး မနေ့က ကျေးရွာမှ ဆုတ်ခွာချိန်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

    “စားစရာလာဝင်ယူတဲ့ ၄ ယောက်ကို ရွာထဲမှာပဲ ကြိုးချည်ပြီး ဖမ်းထားတာ။ သူတို့ရွာကနေထွက်တဲ့နေ့မှာပဲ လွှတ်ပေးလိုက်တာ။ ဒါမဲ့ ဘယ်သူ့ကိုမှမပေးတွေ့ဘူးပေါ့နော်။ လွှတ်တာနဲ့အကုန်လုံးသူ့လမ်းသွားကြတာဆိုတော့လေ။ ရိုက်လည်းရိုက်နှက်ထားတယ်။ တစ်ယောက်ကို ပေါက်တူးနဲ့ထုထားတယ်။ နောက်တစ်ယောက်က ခေါင်းကိုထုထားတာ။ အများကြီးကုရမယ်ထင်တယ် ” ဟု ရေဖြူဒေသခံတစ်ဦးက ဆိုသည်။

    အလားတူ ဇွန်လ ၂၀ ရက်နေ့တွင် ရွာအပြင်ဘက်မှ ကျေးရွာအတွင်း ဆိုင်ကယ်မောင်းနှင်လာသည့် အသက် ၄၀ ဝန်းကျင် မျောက်ချောဒေသခံ နိုင်အဘိုင်း(အဗာဲ)ဆိုသူကို စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးရိုက်နှက်ထားပြီး ယနေ့ထိ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဆက်ပြောသည်။

    “ပျောက်တာကတစ်ယောက်ပျောက်နေတယ်။ ဘယ်မှာရှိလဲဆိုတာတော့မသိဘူး။ ၂၀ ရက်နေ့တုန်းကပဲ ရွာထဲဝင်လာတဲ့အချိန်မှာ ဖမ်းလိုက်ပြီး သူ့ဆိုင်ကယ်ကို မီးရှို့နေတာတွေ့တယ်။ သူ့ကိုရိုက်နှက်နေတာလည်း တွေ့တယ်၊ အကုန်လုံးကတောတောင်ကြားမှာ ပုန်းရှောင်နေကြတော့ ရှာလို့မတွေ့ကြဘူးလေ။ အခုထိဘာသတင်းမရသေးဘူး၊ သေလား ရှင်လား၊ ခေါ်သွားလား လွှတ်လိုက်လားဆိုတာ ဘယ်သူမှမသိဘူး” ဟု ဆိုသည်။

    လက်ရှိတွင် နိုင်အဘိုင်း(အဗာဲ) မိသားစုဝင်နှင့် ဒေသခံတို့မှ ဝိုင်းဝန်းရှာဖွေလျှက်ရှိသော်လည်း သတင်းအစအန မရရှိခြင်းကြောင့် အသက်အန္တာရာယ်စိုးရိမ်လျှက်ရှိသည်ဟု သိရသည်။

    တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် မျောက်ချောကျေးရွာအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုကာ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည့်အပြင် နေအိမ်မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် စုစုပေါင်း ၃၁ လုံးအထိ မီးလောင်ကျွမ်းပျက်စီးခဲ့သည်ဟုလည်း ဒေသခံတို့က ဆိုသည်။

    ဇွန်လ ၂၃ ရက်နေ့ ယမန်နေ့မနက် ၉ နာရီတွင်လည်း စစ်ကောင်စီတပ်တို့သည် မျောက်ချော၊ ရုံးပိုင်နှင့် ကျောင်းဒုံးရွာတို့အတွင်း လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်ခဲ့သေးသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ရာဖူးကျေးရွာအုပ်စု၊ မျောက်ချောကျေးရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ရေဖြူမြို့နယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်တို့က အင်အားဖြည့်တင်းလာကြောင်း တော်လှန်ရေးမဟာမိတ် အင်အားစုတွင်ပါဝင်သည့် မွန်ပြည် တော်လှန်ရေးတပ်မှ ပြောကြားချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts