spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းဆန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန် မွန်ပြည်နယ်ဆန်စပါးအသင်းတို့ထံ သတိပေးပြောဆိုလာ

    ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန် မွန်ပြည်နယ်ဆန်စပါးအသင်းတို့ထံ သတိပေးပြောဆိုလာ

    -

    မွန်ပြည်နယ်အတွင်းရှိ ဆန်ကုန်စည်ဒိုင်၊ ဆန်ကုန်သည်များနှင့် ပွဲစားတို့ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချရန် သတိပေးပြောလာသည်ဟု သိရသည်။

    မော်လမြိုင်မြို့အတွင်းရှိ ဆန်ပွဲရုံတို့ထံ ညွှန်ကြားစာမရောက်ရှိသေးသော်လည်း သက်ဆိုင်ရာမှပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့တွင် ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် ရောင်းချနေသည့်ဆန်ဈေးနှုန်းပေါက်ဈေးတို့ကို မေးမြန်းမှုလုပ်ဆောင်နေသည်ဟု မော်လမြိုင်ဆန်ပွဲရုံတို့မှ သိရသည်။

    သတိပေးပြောဆိုလာခြင်းကြောင့် သိုလှောင်ထားသည့်ဆန်တို့ကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မလုပ်ဆောင်နိုင်တော့ဘဲ ဆန်ဈေးနှုန်းငြိမ်လာနိုင်သည်ဟုဆန်ပွဲရုံ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

    “ဈေးကတော့ဒီအတိုင်းငြိမ်သွားနိုင်တယ်ပေါ့။ ဆန်ဈေးထပ်မြင့်မှာစိုးလို့ ဂိုဒေါင်နဲ့ လှောင်ထားတဲ့ သူတွေက ဈေးအဆမတန် မြှင့်နေတော့ အဓိကတော့မလှောင်နိုင်အောင်ပေါ့၊ လှောင်ထားတဲ့သူတွေက သူတို့ ဈေးအတိုင်း အခုအဲ့လိုညွှန်လိုက်တဲ့အခါဈေးထပ်မတက်တော့ဘူး၊ ဒိုင်တွေကလဲမဝယ်ရဲတော့ဘူး ရှိတဲ့ဟာပဲ အရင်ရောင်း ရတာပေါ့ ရန်ကုန်ကနေညွှန်ကြားစာတော့မရသေးဘူး ”ဟု ဆိုသည်။

    ယခုရက်ပိုင်းအတွင်း ဆန်စပါးကုန်သည်တို့မှ သိုလှောင်ထားသည့်ဆန်တို့ကို ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချနေသဖြင့် စစ်ကောင်စီမှ ခေါ်ယူစစ်ဆေးမေးမြန်းမှု လုပ်ဆောင်ခဲ့ပြီး သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ဇွန် ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

    ဇွန်လ ၂၄ ရက်နေ့မှစ၍ ရွှေဘိုပေါ်ဆန်တစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်မှ၊ ၁၄၅၀၀၀ကျပ်၊ ဧရာဝတီပေါ်ဆန် တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်မှ ၁၂၀၀၀၀ကျပ် ဧည့်မထ (၁၅%) တစ်အိတ်လျှင် ၇၂၀၀၀ကျပ်မှ ၇၅၀၀၀ ကျပ် စသဖြင့် မြန်မာနိုင်ငံဆန်စပါးဈေးနှုန်းမှရည်ညွှန်းဈေး သတ်မှတ်ထားသည်ဟု သိရသည်။

    လက်ရှိ မွန်ပြည်နယ်တွင် ပေါ်ဆန်မွှေးတစ်အိတ်လျှင် ၁၃၃၀၀၀ ကျပ်၊ ကောက်ကြီးဆန်တစ်အိတ်လျှင် ၁သိန်းကျာ်ဝန်းကျင်သာ ရောင်းချနေပြီး၊ သတ်မှတ်ဈေးနှုန်းနှင့်အများအကြီးကွာဟမှုမရှိသော်လည်း အရောင်းဝယ်ပါး နေသည်ဟု မော်လမြိုင်ပွဲရုံမှ အခြားဆန်ကုန်သည်တစ်ဦးကပြောသည်။

    “အခုကကုန်သည်တွေကအမြင့်ဈေးနဲ့ပဲယူထားရတယ်လေ၊ လတ်တလောကတော့ရှိတဲ့ဆန်တွေက ဘောင်ဝင်တဲ့ ဈေးအတိုင်းရောင်းနေတယ်။ ပွဲရုံမှာရှိတဲ့ဆန်တွေကိုအရင်ကျုံးရတယ်ပေါ့၊ စပါးသမားလှောင်ထားတဲ့ဒိုင်တွေကလည်း တင်းခံလို့မရတော့ဘူး ဈေးပြန်လျော့လာမယ်။ အချို့တွေက ဂိုဒေါင်လေးငါးလုံးနဲ့ သိုလှောင်ထားတာ” ဟု ဆက်ပြောသည်။

    ထို့ပြင် မွန်ပြည်နယ်အတွင်း ဆန်စပါးအထွက်နှုန်းများသော်လည်း ပဲခူးတိုင်း၊ ဧရာဝတီနှင့် ရန်ကုန်မှတင်သွင်းသည့် ဆန်တို့ကို အဓိကဝယ်ယူနေသည်လည်းဟု သိရသည်။

    စစ်အာဏာသိမ်းပြီး ၃ နှစ်ခွဲကာလအတွင်း ပြည်တွင်းဆန်ဈေးနှုန်းသည် အာဏာမသိမ်းခင်ပေါက်ဈေးထက် ၃ ဆနီးပါးအထိ မြင့်တက်နေပြီး ၁၀ နှစ်ကျော်ကာလအထွင်း အမြင့်ဆုံးဆန်ဈေးနှုန်းဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks