Friday, March 13, 2026
More
    spot_img
    Homeသတင်းပြောင်းရွှေ့တိမ်းရှောင်ရန် စစ်ကောင်စီအဖွဲ့မှကန့်သတ်ထားခြင်းကြောင့် မျောက်ချောဒေသခံတို့ ပိတ်မိနေ

    ပြောင်းရွှေ့တိမ်းရှောင်ရန် စစ်ကောင်စီအဖွဲ့မှကန့်သတ်ထားခြင်းကြောင့် မျောက်ချောဒေသခံတို့ ပိတ်မိနေ

    -

    စစ်ကောင်စီ၏ အကြမ်းဖက်လုပ်များကြောင့် ရေဖြူမြို့နယ် မျောက်ချောကျေးရွာမှ ဒေသခံသို့ အလယ်စခန်းကျေးရွာဘက်သို့ ပြောင်းရွေတိမ်းရှောင်နေစဉ် စစ်ကောင်စီအဖွဲ့မှ ကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် ဒေသခံတို့ ပိတ်မိနေသည်ဟု သိရသည်။

    စစ်ကောင်စီအဖွဲ့တို့သည် မျောက်ချောကျေးရွာနှင့် နဂါးအိုင်ကျေးရွာမှ ဒေသခံတို့၏နေအိမ်တွင် စခန်းချနေထိုင်နေသည့်အပြင် မနေ့က ညပိုင်းအချိန်တွင်လည်း အင်အား ၃၀၀ ကျော်ဝန်းကျင်ဖြင့် ထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာသည်ဟု သိရသည်။

    မျောက်ချောကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာတို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တို့နှင့် ပူးပေါင်းပါဝင်နေသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့တို့က သံင်္ဃာတော်အပါအဝင် ဒေသခံတစ်ဦးတစ်ယောက်ကိုမျှ ရွာမှထွက်ခွင့်မပြုနေကြောင်း ရေဖြူဒေသခံ တစ်ဦးကဆိုသည်။

    “မရော့ချိုင်းရွာဘက်ကလူတွေက အလယ်စခန်းဘက်ကိုရောက်လာတယ်။ မျောက်ချောကလူတွေဆို တစ်ချို့က မိတ်စိပ်ကျေးရွာဘက်မှာ၊ တစ်ချို့က အဲ့ရွာကဘုန်းကြီးကျောင်းမှာပဲ၊ အဲ့ဘက်မှာရှိနေတဲ့သူတွေက စစ်တပ်က ဘယ်မှမပေးသွားကြတော့ဘူး။ စစ်တပ်က ရွာမှာရှိနေတာဆိုတော့လေ။ ဘုန်းကြီးတွေကိုလည်း သူတို့မပေးထွက်ဘူး” ဟု ရေဖြူဒေသခံတစ်ဦးက ဆိုသည်။

    ထို့ကြောင့် အသက်အန္တရာယ် စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်လို့သည့်ဒေသခံတို့ အခက်ကြုံလျှက်ရှိသည်။

    “ဘယ်လိုပြောရမလဲဆိုရင် ဒီဘက်ဒေသမှာရှိတဲ့ ကျေးရွာ ၉ ရွာလုံးက ဒေသခံတွေအကုန်လုံးကို pdf ထောက်ပို့အကုန်လုံးလုပ်ထားတာ” ရေဖြူဒေသခံတို့က ဆိုသည်။

     မျောက်ချောကျေးရွာအနီးရှိ မရော့ချိုင်းရွာသစ်၊ လှည်းစိပ်၊ သဲချောင်း ဒေသခံများလည်း အလယ်စခန်းကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ေဒသခံတို့ ထိန့်လန့်လျှက်ရှိသည်ဟု ဆိုသည်။

    မနေ့ကဇွန်လ ၂၀ ရက်နေ့တွင် မျောက်ချောက်ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးသည့်အပြင် လေကြောင်းအသုံးပြုကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

    ယနေ့နံနက်ပိုင်း အခြေအနေအရ တိုက်ပွဲဖြစ်ပွားရာဒေသ မျောက်ချောကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ထားသည်ဟု ဆိုသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အခြေစိုက် ခလရ (၂၈၂)၊ ခမရ (၄၁၀) တပ်ရင်းအပါအဝင် ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ် စခန်းဌာနချုပ်တို့မှ စစ်ကောင်စီတပ်သား အင်အားအများအပြားသည် ရာဖူးကျေးရွာအုပ်စု မျောက်ချောဒေသအတွင်း စစ်ကြောင်းထိုးလာသဖြင့် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးမဟာမိတ်အင်အားစုများထံမှ သိရသည်။

    အဆိုပါ တိုက်ပွဲတွင် ဒေါနစစ်ကြောင်း ၊ ABSDF၊ ရေးသိမ်းငှက်၊ ရေးပြောက်ကျား၊ ရေး လေတပ်(ဒရုန်းတပ်ဖွဲ့)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မွန်ပြည်တော်လှန် ရေးတပ်နှင့် မွန်ပြည်သစ်ပါတီ (AD) တို့ အင်အားဖြည့်ပါဝင်ခဲ့ကြောင်း သတင်းအချက် အလက်များအရ သိရသည်။

    မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဌာနချုပ်ရုံးစိုက်ရာ မျောက်ချောကျေးရွာတွင် ဇွန်လ ၁၉ ရက်နေ့ကတိုက်ပွဲကြောင့် နေအိမ် ၄၀ ကျော် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရသည်။

     ဓါတ်ပုံ
    မျောက်ချောရွာနှင့်နီးစပ်သည့် ရွာတစ်ရွာ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks