spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းရေဖြူဒေသကို ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက အင်အားထပ်ဖြည့်နေ

    ရေဖြူဒေသကို ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက အင်အားထပ်ဖြည့်နေ

    -

    တနသႅာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စုရှိ မျောက်ချောကျေးရွာ အနီး တဝိုက်တွင် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်လာပြီး နယ်မြေထိန်းချုပ်ရန် ထပ်မံကြိုးစား နေသည်။

    ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အခြေစိုက် ခလရ (၂၈၂)၊ ခမရ (၄၁၀) တပ်ရင်းအပါအဝင် ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ် စခန်းဌာနချုပ်တို့မှ စစ်ကောင်စီတပ်သား အင်အားအများအပြားသည် ရာဖူးကျေးရွာအုပ်စု မျောက်ချောဒေသအတွင်း စစ်ကြောင်းထိုးလာသဖြင့် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးမဟာမိတ်အင်အားစုများထံမှ သိရသည်။

    “စစ်ကောင်စီဘက်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးနေတယ်လို့ သိထားတယ်၊ ညကလည်း အင်အား ၂၀၀ လောက် ထပ်ဖြည့်လာသေးတယ်။ အခုအခြေအနေက ဘာမှပြောနိုင်သေးဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

    အဆိုပါ တိုက်ပွဲတွင် ဒေါနစစ်ကြောင်း ၊ ABSDF၊ ရေးသိမ်းငှက်၊ ရေးပြောက်ကျား၊ ရေး လေတပ်(ဒရုန်းတပ်ဖွဲ့)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မွန်ပြည်တော်လှန် ရေးတပ်နှင့် မွန်ပြည်သစ်ပါတီ (AD) တို့ အင်အားဖြည့်ပါဝင်ခဲ့ကြောင်း သတင်းအချက် အလက်များအရ သိရသည်။

    စစ်ကောင်စီတပ်က ရေး-ထားဝယ်ကားလမ်းပိုင်း၊ မလွှဲတောင်အပိုင်းရှိ ရာဖူးကျေးရွာအပါအဝင် အနီးအနားကျေးရွာများတွင် အင်အားရာချီဖြင့် ဖြန့်ကြက် တပ်စွဲထားခြင်းကြောင့် တိုက်ပွဲဖြစ် နိုင်သည့် အနေအထားရှိတယ်လို့ IMNA ၏ စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

    ယနေ့နံနက်ပိုင်းက အခြေအနေအရ တိုက်ပွဲဖြစ်ပွားရာဒေသ မျောက်ချောကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ထားသည်ဟု ဆိုသည်။

    “ဒီဘက်မှာ သူတို့ (စစ်ကောင်တပ်) ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်၊ အခု ရွာထဲမှာ အင်အား ၆၀ ကျော်လောက်ရှိနေတယ်၊ နောက် ရွာပြင်ဘက်မှာလည်း သူတို့ရှိနေတယ်၊ ခန့်မှန်းအင်အား ၁၀၀ ကျော်လောက်တော့ရှိမယ်” ဟု မျောက်ချောဒေသခံတစ်ဦးက ပြောသည်။

    “ဒါကြောင့် တိုက်ပွဲက အချိန်မရွေး ထပ်ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိတယ်”

    မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဌာနချုပ်ရုံးစိုက်ရာ မျောက်ချောကျေးရွာတွင် ဇွန်လ ၁၉ ရက်နေ့ကတိုက်ပွဲကြောင့် နေအိမ် ၄၀ ကျော် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်ပြီး ဒေသခံအများအပြား ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts