spot_img
Thursday, December 26, 2024
More
    spot_img
    Homeသတင်းဘုရားသုံးဆူနယ်စပ်ဂိတ် ယာယီပိတ်ထားသဖြင့် ကုန်ပစ္စည်းတင်ပို့/တင်သွင်းမှု အခက်ကြုံ

    ဘုရားသုံးဆူနယ်စပ်ဂိတ် ယာယီပိတ်ထားသဖြင့် ကုန်ပစ္စည်းတင်ပို့/တင်သွင်းမှု အခက်ကြုံ

    -

    ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်ကို ဘုရားသုံးဆူမြို့ပေါ်ရှိ လက်နက်ကိုင် တပ်ဖွဲ့တို့က ခရီးသွားလာခြင်းနှင့် ကုန်တင်ကားများ ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားသည့်အပြင် ထိုင်းနိုင်ငံဘက်မှလည်းပိတ်ထားခြင်းေကြာင့် ကုန်ပစ္စည်းတင်ပို့မှု အခက်ကြုံနေရသည်ဟု ကုန်သည်တို့က ဆိုသည်။

    ဇွန်လ ၁၇ ရက်နေ့နံနက်ပိုင်းမှစတင်ပြီး သွားလာခွင့်ကန့်သတ်ထားသဖြင့် ထိုင်းနိုင်ငံသို့ ကုန်ပစ္စည်း တင်ပို့/တင်သွင်းနေသည့်ကုန်သည်များ အခက်ကြုံနေသည့်အပြင် ကုန်ပစ္စည်းများပြတ်လတ်မှုနှင့် ဈေးနှုန်း ထပ်မံမြင့်တက်မှုဖြစ်ပေါ်နိုင်ကြောင်း ကုန်သည်နှင့် ဒေသခံတို့ကပြောသည်။

    နယ်စပ်ဂိတ်ပိတ်ဖြတ်သန်းခွင့်ကို မည်သည့်အချိန်ပြန်လည်ခွင့်ပြုမည်ဟု ပြောဆိုထားခြင်းမရှိခြင်းကြောင့် ကုန်တင်ယာဉ်မောင်းတို့ လုပ်ငန်းရပ်နားထားသည်ဟု ဆိုသည်။

    “ထိုင်းကနေဝင်တာရော ဒီဘက်ကနေထွက်တာရောအကုန်ပိတ်ထားတယ်။ အခြားလမ်းခြံစည်းရိုး ဘက်လူသွား လာဝင်လို့ရတယ် ပစ္စည်းတွေ ကတော့ ၁ထုပ်၂ထုပ်ပဲသယ်သွားလို့ရတယ်။မြဝတီဘက်ကလဲသွားလို့ မရတော့ ကျတော်တို့ ရပ်နားထားရတယ်၊အဓိကကသူတို့မပေးသွင်းဒီဘက်ကတရားမဝင်စီးဆင်းတာလို့ယူဆပြီး ပိတ်ထားတယ် ” ဟု ကုန်တင်ကားသမားတစ်ဦးက ဆိုသည်။

    မြဝတီမြို့ဘက်တွင် ယခု မိုးရာသီကာလအတွင်း ကုန်တင်ကားများသွားလာရန် အခက်အခဲရှိနေသည့်အတွက် ယခုရက်ပိုင်းအတွင်း ဘုရားသုံးနယ်စပ်ဘက်တွင်သာ ဝင်ထွက်သွားမှုများနေသည်ဟု သိရသည်။

    ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တို့က ဘုရားသုံးဆူလမ်းကြောင်းမှတစ်ဆင့် ကုန်စည်တစ်နိုင်တစ်ပိုင် တင်သွင်းခွင့်ကို တရားမဝင်ဟုယူဆကာ ကန့်သတ်နေခြင်းကြောင့်တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ကူးသန်းရောင်းဝယ်ကာဝင်ထွက်သွားလာမှု ရှိနေသည်ဟု ဘုရားသုံးဆူမြို့အတွင်း ကုန်တင်ကားမောင်းနှင်နေသူတစ်ဦးက ဆိုသည်။

    “မြဝတီလမ်းကြောင်းကလုံးဝသွားလာလို့မရတော့ဒီဘက်ပြောင်းသွင်းကြတာများတော့အခုလိုလုပ်လိုက်တာ တာအခုကတော့ကုန်စည်ကူးသန်းမှုကရပ်နေတယ်ပေါ့၊ ဒီဘုရားသုံးဆူဘက်ကနေလာတဲ့ တစ်လျှောက်လုံးက စစ်ဆေးနေတဲ့အခါဘယ်ဘက်မှသူတို့မသွင်းခိုင်းဘူး။ တစ်နိုင်တစ်ပိုင်ပဲသွင်းနေကြတယ် ” ဟု ဆိုသည်။

    ဘုရားသုံးဆူနယ်စပ်ဂိတ်မှ တစ်ဆင့် ကုန်ပစ္စည်းတင်သွင်း တင်ပို့မှုလုပ်ဆောင်နေခြင်းသည် တရားဝင်သဘောအရမဟုတ်ဘဲ ထိုင်းအာဏာပိုင်တို့နှင့် ညှိနှိုင်းနားလည်မှုယူကာ တင်သွင်းနေသည့် ဂိတ်တစ်ခုသာဖြစ်သည်။

    မြန်မာနိုင်ငံဘက်မှ ဆန်၊ ကြက်သွန်နီ၊ ငါးများ စသည့်ကုန်ပစ္စည်းတို့တင်ပို့ပြီး ထိုင်းနိုင်ငံဘက်မှ အလှကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းနှင့်
    စားသောက်ကုန်ပစ္စည်းများ တင်သွင်းနေကြောင်းလည်း ကုန်သည်တို့ထံမှ သိရသည်။

    လက်ရှိတွင် ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေးဖြစ်သည့် မြဝတီနယ်စပ်ဂိတ်အပါအဝင် တာချီလိတ် ၊ မယ်ဆိုင်၊ မြဝတီ- မဲဆောက်၊ ထီးခီး -နမ့်ဖုရော်နှင့် ကော့သောင်း-ရနောင်းစသည့် နယ်စပ်ဂိတ်တို့တွင် တိုက်ပွဲ အခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးလျက်ရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,500SubscribersSubscribe
    spot_img

    Latest posts