spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားရေးအတွက် ဘဝနစ်မြုပ်ထားသည့် ဝါရင့်တေးသံရှင် မင်းကျစ်ရစ် (လျးဟံမန်)

    မွန်အမျိုးသားရေးအတွက် ဘဝနစ်မြုပ်ထားသည့် ဝါရင့်တေးသံရှင် မင်းကျစ်ရစ် (လျးဟံမန်)

    -

    ယခု ဇွန်လတွင် အသက် (၈၀) နှစ်ပြည့်တော့မည့် လက်ရှိ မွန်ဂီတလောက၏ သက်တမ်းဝါအရင့်ဆုံးနှင့် အကောင်းဆုံး အဆိုတော်ဖြစ်သူ “ရးမည” သီချင်းမူရင်းပိုင်ရှင် မင်းကျန်ရစ် (လျးဟံမန်) သည် မွန်အမျိုးသားရေးအတွက် ဘဝနစ်မြုပ်ထားသူတစ်ဦးဖြစ်သည်ဟု မွန်ပရိသတ်များက ပြောဆိုကြသည်။

    မွန်တိုင်းရင်းသားတို့၏ ပထမဦးဆုံး “လျးဟံသာ” တီးဝိုင်းအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည့် ၁၉၇၄ ခုနှစ်တွင် ဆရာတော်ဘဒ္ဒန္တကေတုမာလာ၊ နိုင်ငွေသိန်း (ခ) ဂျနူမွန်၊ မင်းအဏ္ဏဝါမွန် (မျိုးညွန့်)၊ အိုင်းမွန်၊ မွန်ချမ်း၊ ဇော်လတ် (ဟံသာမာန်)၊ မင်းရွှေကိတ် (ရာမညမိုးဆွေ)၊ ဗညားတလနိုင် တို့နှင့်အတူ မင်းကျန်ရစ် (လျးဟံမန်) က အဓိကပါဝင်လှုပ်ရှားခဲ့သည်ဟု သိရသည်။

    လျးဟံသာ (လရီဟံသာ) အဖွဲ့၏ အမာခံပရိသတ်တစ်ဦးဖြစ်သူ မင်းအောင်ထူက “နိုင်ကျစ်ရစ်ဟာ မျိုးချစ်စိတ်ရှိသူတစ်ယောက်ဖြစ်တယ်။ မွန်အမျိုးသားရေးအတွက် ကဏ္ဍစုံ သူတာဝန်ထမ်းဆောင်လာခဲ့တယ်။ သူရဲ့ ဘဝတစ်လျှောက်လုံးမှာ အမျိုးသားရေးအတွက်ပဲ ဆက်တိုက်ဆောင်ရွက်လာခဲ့တယ်။ ကျနော်တို့မွန်လူမျိုးတွေအပေါ် ကျေးဇူးတင်စရာ အများကြီးရှိတယ်” ဟု ပြောသည်။

    ဝါရင့် မွန်တေးသံရှင်တစ်ဦးဖြစ်သူ နိုင်ကျန်ရစ်သည် မွန်စာပေနှင့် ယဉ်ကျေးကော်မတီ အပါအဝင် နွေရာသီမွန်စာပေသင်ကြားရေးနှင့်  မွန်နိုင်ငံရေးပါတီများတွင်လည်း အားကြိုမာန်တက် ပါဝင်ဆောင်ရွက်ခဲ့ပြီး မွန်အမျိုးသားရေးအတွက် ဘဝနစ်မြုပ်ထားသူတစ်ဦးဖြစ်သည်ဟု ဆိုသည်။

    ထို့အပြင် လျးဟံသာ (လရီဟံသာ) အမည်ရှိ မွန်တီးဝိုင်းအဖွဲ့ကို မင်းကျစ်ရစ် (လျးဟံမန်) ဦးဆောင်စဉ်ကာလအတွင်း လရီဟံသာ (လျးဟံသာ) သီချင်းစီးရီခွေ (၉) ခုအထိ ထုတ်လုပ်နိုင်ခဲ့သည့်အပြင် မွန်ဂန္ထဝင်တေးသီချင်းပေါင်းများစွာလည်း သီဆိုခဲ့သည်။

    မင်းကျစ်ရစ် သီးဆိုခဲ့သည့် သီချင်းအများစုသည် မျိုးချစ်စိတ်ဓါတ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများ၊ နိုင်ငံရေးအသိပညာပေး အကြောင်းအရာများ အခြေခံထားသည့်အတွက် နားထောင်ရသည့် လူငယ်များအား အမျိုးသားရေးတာဝန် ထမ်းဆောင်ချင်သည့်စိတ် တက်ကြွနိုးကြားလာစေကြောင်း မင်းအောင်ထူက ဆက်ပြောသည်။

    “နိုင်ကျစ်ရစ်သီချင်းရော၊ လရီဟံသာအဖွဲ့သီချင်းရောက အချစ်သီချင်းလိုလို ဖြစ်နေပေမဲ့ အမျိုးသားရေးနဲ့ အချစ်သီချင်းကို ရောပြီး သီဆိုလာခဲ့ကြတယ်။ သူတို့ထုတ်လုပ်ခဲ့တဲ့ သီချင်းခွေ တိုင်းက အမျိုးသားရေးအတွက် တစ်ထောင့်တစ်နေရာမှာ တာဝန်ထမ်းချင် စိတ်ဖြစ်ပေါ်လာ အောင် ရည်ရွယ်ပြီး ထုတ်ခဲ့တာတော့ များတယ်။ (ရးမည) ဆိုတဲ့ သီချင်းကို ကြည့်ပေါ့၊ ဒီအတိုင်းနားထောင်လိုက်ရင် ဘာမှ မဟုတ်သလိုမျိုးပဲ။ ဒါပေမဲ့ သူ့ရဲ့သီချင်းစာသားထဲမှာက အတိတ်က မွန်လူမျိုးတွေ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေနဲ့ အမျိုးသားရေးအကြောင်းတွေလည်း နားလည်းလာတယ်။ သူရဲ့ သီချင်းကို ကြားလိုက်တာနဲ့ မျိုးချစ်စိတ်ဓာတ်တွေ နိုးထလာတယ်” ဟု ပြောသည်။

    ထို့ကြောင့် လာမည့် ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပမည့် လျးဟံသာ (လရီဟံသာ) အဖွဲ့၏ နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားတွင် မွန်ဝါရင့်အဆိုတော် မင်းကျန်ရစ် (လျးဟံမန်) အား ဂုဏ်ပြုကြမည့်အစီအစဥ်ရှိသည့်အပြင် ၎င်း၏ အသက် ၈၀ ပြည့် အထိမ်း အမှတ်အနေဖြင့် အနန္တဂုဏ်ရည်နှင့် ဓမ္မတေးသီချင်းများ ပါဝင်သော တစ်ကိုယ်တော်တေးစီးရီးကိုလည်း မိတ်ဆက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ယင်းအခမ်းအနားစီစဥ်သူများထံမှ သိရသည်။

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာနေ ဖခင်နိုင်အောင်ငွေဇင်နှင့် မိခင်ဒေါ်သင်းကြိုင်တို့မှ ၁၃၀၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် မင်းကျစ်ရစ်ကို မွေဖွားခဲ့ပြီး သားသမီး ၇ ဦးထဲတွင် ငါးဦးမြောက်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks