Friday, March 13, 2026
More
    spot_img
    Homeသတင်းတနင်္သာရီရှိ အောင်သာဝရစခန်းသိမ်းပိုက်ခံရပြီးနောက် ကျောက်လုံးကြီးစခန်းမှ စစ်ကောင်စီတပ်များ စခန်းစွန့်ခွာ

    တနင်္သာရီရှိ အောင်သာဝရစခန်းသိမ်းပိုက်ခံရပြီးနောက် ကျောက်လုံးကြီးစခန်းမှ စစ်ကောင်စီတပ်များ စခန်းစွန့်ခွာ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ အောင်သာဝရစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် ကျောက်လုံးကြီးစခန်းမှ စစ်ကောင်စီတပ်များ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

    တနင်္သာရီမြစ်ဘေးရှိ အောင်သာဝရစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က ဇွန်လ ၁၄ ရက်နေ့က သိမ်းပိုက်ခဲ့သည်။

    အဆိုပါစခန်းသိမ်းပိုက်ခံရပြီးနောက် တနင်္သာရီမြစ်ကြောင်းတလျှောက်ရှိကျောက်လုံးကြီးကျေးရွာတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်များ စခန့်စွန့်ခွာခဲ့ခြင်းဖြစ်သည်။

    “အောင်သာဝရစခန်းက အဘက်ဘက်က ပိတ်ဆို့ထားတာကြာပြီပေါ့။ တနေ့က အပြီးသတ်ဝင်တိုက်ပြီး သိမ်းလိုက်တဲ့အခြေအနေပါ။ အဲဒီစခန်းကနေ ၃၀ လောက်တော့ ထွက်ပြေးသွားတယ်။ အဲ့တာပြီးတော့ မြစ်ရိုးပေါ်ကပဲ ပုလောအရှေ့ဘက်ကျမှာပေါ့ ကျောက်လုံးကြီးကတပ်တွေလဲ ဆုတ်သွားတယ်။ စခန်းနှစ်ခုလုံး အထိုင်ချတပ်တွေကတော့အတူတူပဲ။ စခန်းသိမ်းတဲ့နေ့ကတော့ လေယာဉ်နဲ့ လာပစ်တာတော့ရှိတယ်။ အခုကတော့ ငြိမ်နေပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    အောင်သာဝရစခန်းနှင့် ကျောက်လုံးကြီးစခန်းတွင်အထိုင်ချနေသောတပ်များမှာ ပုလောမြို့အခြေစိုက် ခလရ ၂၈၅ တပ်ရင်းမှ ဖြစ်ကြောင်း သိရသည်။

    အောင်သာဝရကျေးရွာအခြေစိုက် စစ်ကောင်စီစခန်းကို KNLA တပ်မဟာ ၄ ၊ KNDO တပ်ရင်း ၇ နှင့် PDF ပူးပေါင်း တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    အောင်သာဝရစခန်းသည် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ ယခုနှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့သည့် ဆယ်ခုမြောက် စစ်ကောင်စီစခန်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks