Friday, March 13, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မိန်းကလေးငယ်တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

    ကျိုက်ထိုတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မိန်းကလေးငယ်တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ အခိုင်ကျေးရွာနှင့် သုံးခွကျေးရွာကြားရှိ ကျောက်ဟတ်ကွင်းအတွင်း စစ်ကောင်စီအမြောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးကာ၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က သိမ်ဇရပ်မြို့အခြေစိုက် အမှတ်-၃၁၀ အမြောက်တပ် နှင့် အမှတ်-၂၀၇ ခြေမြန်တပ်ရင်းတို့မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့သည်။

    စစ်ကောင်စီအမြောက်တပ်နှင့် ခြေမြန်တပ်ရင်းတို့မှ ပစ်ခတ်သည့် လက်နက်ကြီးသည် ကျောက်ဟတ်ကွင်းရှိ ဦးစိုးမင်းအောင်ဆိုသူပိုင်ဆိုင်သော ခြံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးစိုးမင်းအောင် သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မနန္ဒလင်း ကျည်စထိမှန်သေဆုံးသွားခဲ့ပြီး၊ အသက်တစ်နှစ်ခွဲအရွယ် မရွှေဇင်လင်း ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

    “ဦးစိုးမင်းအောင်ရဲ့ သမီးကြီးကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ သမီးငယ်လေးကတော့ ဒဏ်ရာရသွားလို့ သိမ်ဇရပ်တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောက်စီလက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များမှ အခိုင်၊ စက်ကွင်း၊ သုံးခွ အစရှိသည့်ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဉ်လိုလိုပစ်ခတ်နေကြသည့်အတွက် ဒေသခံပြည်သူ ၃၀၀၀ ခန့်လည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကလည်း သိမ်ဇရပ်မြို့အခြေစိုက် အမှတ် – ၃၁၀ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပိန္နဲကုန်းကျေးရွာနေ သားအဖနှစ်ဦးလည်း လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။

    ပြီးခဲ့သည့် မေလအတွင်းက မွန်ပြည်နယ်၌ စစ်ကောင်စီလက်နက်ခံတပ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရ၌်သား (၁၃) ဦးသေဆုံးခဲ့ပြီး၊ (၄၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လဂွန်းအိမ်စာစဉ် မှ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks