Thursday, March 12, 2026
More
    spot_img
    Homeသတင်းဓမ္မသရွာဒေသခံများ ယာယီနေအိမ်အတွက် ကိုယ်ထူကိုယ်ဖြင့်သာဆောင်ရွက်နေ

    ဓမ္မသရွာဒေသခံများ ယာယီနေအိမ်အတွက် ကိုယ်ထူကိုယ်ဖြင့်သာဆောင်ရွက်နေ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာတွင် ယခုဇွန်လအတွင်း နေအိမ်မီးလောင်ခံရသည့် စစ်ဘေးရှောင်ဒေသခံ ၃ ပုံ ၁ ပုံခန့် နေရပ်သို့ပြန်လည်ရောက်ရှိလာပြီး ယာယီနေထိုင်ရန် ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ ဆောင်ရွက်နေရသည်ဟု သိရသည်။

    တိုက်ပွဲနှင့် နေအိမ်မီးလောင်မှုကြောင့် ၃ လဝန်းကျင်စစ်ရှောင်နေရသည့် ဒေသခံတို့ နေရပ်ပြန်ဝင်လာကြသော်လည်း ယာယီနေအိမ်ဆောက်လုပ်ရန် အမိုးအကာပစ္စည်းတို့ လိုအပ်လျှက်ရှိသည်ဟု ဓမ္မသရွာဒေသခံတစ်ဦးက ဆိုသည်။

    “နေအိမ်မီးလောင်တဲ့သူတွေက ယာယီအိမ်နဲ့ ၂၀အိမ်ဝန်းကျင်ဆောက်ပြီး နေနေတာရှိတယ်၊ အချို့က ဆွေမျိုး အိမ်မှာလိုက်နေတယ်။ ကိုယ်ထူကိုယ်ထပဲ ဆောက်လုပ်နေတယ်ဆိုတော့ ကုန်ကျလဲများတယ် ဖက်ဆိုလဲရှာရမလွယ်ဘူး၊ မိုးရာသီမှာပိုအခက်အခဲဖြစ်တယ်။ အကုန်လုံးမီးလောင်သွားတာ ဆိုတော့ သေးသေးလေးကအစပြန်ဖြည့် ဝယ်ရတယ် ”ဟု ဆိုသည်။

    ဓမ္မသရွာအတွင်း ယာယီနေအိမ်မဆောက်လုပ်နိုင်သူတို့သည် ရွာအတွင်းရှိ ဆွေးမျိုးမိဘအိမ်တို့တွင် လိုက်လံနေထိုင်ရပြီး ကျောင်းနေအရွယ်ကလေးတို့ကို ပညာဆက်သင်စေလိုခြင်းကြောင့် နေရပ်ပြန်လာကြသည်ဟုလည်း ဆက်ပြောသည်။

    လက်ရှိဇွန်လ ဒုတိယအပတ်မှစ၍ ဓမ္မသရွာအတွင်းရှိ စာသင်ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ခဲ့သော်လည်း အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းသားအများစု မြို့ပေါ်သို့ပြောင်းရွှေ့သွားခြင်းကြောင့် မူလတန်းကျောင်းသား/သူ ၁၀၀ ဝန်းကျင်ခန့်သာ တက်ရောက်နေသည်ဟု ရွာခံတို့ထံမှ သိရသည်။

    အလားတူ ဓမ္မသကျေးရွာအနီးရှိ ကျွန်းကုန်းပိုင်းရွာတွင်လည်းနေအိမ်အလုံး ၄၀ ကျော် မီးလောင်းပျက်စီးသွားခဲ့ပြီး နေရပ်ပြန်ဝင်လာသူအများစု ၊ကျးရွာဘုန်းကြီးကျောင်းအတွင်းသာ နေထိုင်နေရသည်ဟုလည်း သိရသည်။

    "အများစုကတော့ ထိုင်းဘက်ကိုပဲ ထွက်သွားကြတယ်၊ ပြန်လာတဲ့သူတွေက ဘုန်းကြီးကျောင်းမှာနေနေတာရှိမယ်၊ တဲအိမ်လေးတွေဆောက်ပြီးနေတာလည်းရှိတယ်၊ အမိုးမိုးနိုင်တဲ့သူတွေကတော့ သေချာမိုးနေပေမဲ့ တချို့ကတော့ ပတ်တူတွေလောက်နဲ့ပဲပေါ့"ဟု သိရသည်။

    မွန်-ကရင် ဂျိုင်းမြစ်တစ်လျှောက် နေအိမ်မီးလောင်ခံသူတို့ကို ကူညီထောက်ပံ့မှု မရှိသလောက်နည်းပါးနေခြင်းကြောင့် မိုးရာသီအတွင်း နေရာထိုင်ခင်း ခက်ခဲလျှက်ရှိသည်ဟု သိရသည်။

    စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့မှစ၍ တိုက်ပွဲပြင်းထန်ခဲ့သဖြင့် စစ်ကောင်စီမှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဂျိုင်းမြစ်ဝှမ်းတစ်လျှောက် အိမ်ခြေ ၄၁၆ လုံးမီးလောင်းပျက်စီးခဲ့ရသည်ဟု စစ်ဘေးရှောင်ကူညီရေးဆိုင်ရာအဖွဲ့မှ ထုတ်ပြန်ထားချက်အရ သိရသည်။

    နေအိမ်မီးလောင်ခံရသည့် ဒေသခံတို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ လှူဒါန်းမှုနှင့်ကူညီကယ်ဆယ်မှုစတင်ရန်အတွက် မွန်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ်အဖွဲ့မှ နေရပ်ပြန်ရန် တိုက်တွန်းထားသော်လည်း တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်းမရှိကြောင်း သိရသည်။

    မွန်အကျေးရွာအတွင်းရှိ မွန်ပြည်သူများအတွက် စစ်ဘေးရှောင်ကူညီရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို မော်လမြိုင်မြို့ရှိသာသနာ (၂၅၀၀) မွန်ဗိမာန်တော်ကျောင်းတွင်ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင်သူတို့၏ ဆွေးနွေးတင်ပြချက်အပေါ်အခြေခံ၍ စစ်ဘေးသင့်ပြည်သူအရေး ကူညီစောင့်ရှောက်နေသူတို့ကို ခြိမ်းခြောက်မှုမပြုလုပ်ရန် စသည့်အချက်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတို့ လိုက်နာရမည့်အချက် ၅ ချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks