spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လာ

    ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လာ

    -

    ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်းထန်နေသည့် ဒေသများတွင် စစ်ကောင်စီမှ အရပ်သားများကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်လာကြောင်း ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားသည်။

    မောင်တော၊ အမ်း၊ သံတွဲ စသည့် မြို့နယ်များနှင့် အနီးအနားဝန်းကျင်ရှိ အရပ်သားပြည်သူလူထုနေထိုင်ရာ မြို့၊ ရပ်ရွာများ၊ ဆေးရုံဆေးခန်း၊ စျေး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သားပြည်သူ သွားလာလှုပ်ရှားရာ နေရာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဆိုသည်။

    ဇွန်လ ၁၁ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီမှ Y12 လေယာဉ်ဖြင့် ပေါက်တောမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၁) နှင့် သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်၊ မနော်သီရိကျေးရွာနှင့် လက်ပံပြားကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့သည်။

    အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၄ ဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း AA က ထုတ်ပြန်ထားသည်။

    ပေါက်တောမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအချို့ကိုလည်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သား ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုထားသည်။

    ၎င်းပြင်စစ်ကောင်စီမှ ဒေသခံများကို ဖမ်းဆီးပြီး AA နှင့် နီးစပ်သည့်စွပ်စွဲချက်ဖြင့် သတ်ဖြတ်မှုများလည်း ရှိနေကြောင်း AA မှ ထုတ်ပြန်ထားသည်။

    မေလ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီက ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်စီးနင်းကာ ဒေသခံတစ်ထောင်ကျော်ကို ဖမ်းဆီးပြီးနောက် သတ်ဖြတ်မှုများလုပ်ဆောင်ခဲ့ရာ ဇွန်လ ၄ ရက်နေ့အထိ သေဆုံးသူ ၇၆ ဦးအထိ ရှိလာကြောင်း AA ၏ အချက်အလက်များအရ သိရသည်။

    ဗျိုင်းဖြူကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး သေနတ်လုယူထွက်ပြေးရန်ကြိုးစားမှုကြောင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီပြောရးဆိုခွင့်ရှိသူက ပြောဆိုထားသည်။

    AA က မောင်တောမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့မှစတင်ကာ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဇွန်လ ၇ ရက်နေ့အထိ စစ်ကောင်စီ တပ်စခန်း ၆ ခုကို သိမ်းပိုက် ရရှိထားခဲ့သည်။

    စစ်ကောင်စီအနေဖြင့် ရခိုင်စစ်မျက်နှာတွင် ကြည်း၊ ရေ၊ လေ အသုံးပြကာ ခုခံနေသော်လည်း အကြီးအကျယ်စစ်ရှုံးနေသောကြောင့် အရပ်သားပစ်မှတ်များနှင့် လူမျိုးရေးပြဿနာကို ပုံဖော်နေကြောင်း စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts