Thursday, March 12, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသား အထက်တန်းကျောင်းတို့တွင် ကျောင်းတက်ရောက်မှုနှုန်းကျဆင်း

    မွန်အမျိုးသား အထက်တန်းကျောင်းတို့တွင် ကျောင်းတက်ရောက်မှုနှုန်းကျဆင်း

    -

    မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပညာရေးဌာနအောက်ရှိ အထက်တန်းကျောင်းတို့တွင် ယခု၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွင်း ကျောင်းတက်ရောက်မှုနှုန်းကျဆင်းနေသည်ဟု သိရသည်။

    အတန်းတင်စာမေးပွဲ မအောင်မြင်သည်ကျောင်းသားအများစု ကျောင်းထွက်နှုန်းများနေသည့်အပြင် စားဝတ်နေရေးနှင့် နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် ပြည်ပသို့ထွက်ခွာမှုများလာပြီး ကျောင်းထွက်နှုန်းမြင့်တက်နေသည်ဟု ကျောင်းတာဝန်ရှိသူတို့က ဆိုသည်။

    လက်ရှိ ရေးမြို့နယ်ရှိ အင်ဒင်မွန်အမျိုးသားအထက်တန်းကျောင်းတွင် ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့်ယှဉ်လျှင် ကျောင်းသားဦးရေ ၆၀ ဦးအထိ လျော့ကျနေသည်ဟု ကျောင်းတာဝန်ရှိသူက ဆိုသည်။

    “ဒီနှစ် ကျောင်းသားဟောင်းတွေ ၂၂၂ ယောက်ရှိတယ်၊ ဒီကြားထဲမှာ ကျာင်းသားအသစ်တွေလည်း ၉ ယာက် ထပ်ဝင်လာတာရှိတော့ အားလုံးက ၂၃၁ ယာက် ဖစ်သွားတယ်၊ ဒီနှစ်က ကျာင်းသားဦးရေးနည်းလာတယ်ပေါ့၊ အယောက် ၆၀ ေလာက်လျော့ကျသွားတယ်" ဟု ဆိုသည်။

    အထူးသဖြင့် Gread-9 Gread-10 Gread-11 အရွယ် ကျောင်းသားကျောင်းသူတို့ ကျောင်းထွက်နှုန်းများနေသည်ဟုလည်း ဆက်ပြောသည်။

    အလားတူ ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးမြို့နယ်ရှိ ဝင်္ကပါအထက်တန်းကျောင်းတွင်လည်း ကျောင်းပြောင်းသည့် ကျောင်းသားဦးရေနှင့် ကျောင်းထွက်သည့် ကျောင်းသားဦးရေ စုစုပေါင်း ၁၀၀ နီးပါးအထိ ရှိနေသည်ဟု ဝင်္ကပါကျောင်း တာဝန်ရှိသူက ဆိုသည်။

    “ဒီနှစ်ကျောင်းသားတွေ သိသိသာသာ လျော့ကျလာတယ် ၊ကျောင်းသား ၁၀၀ ဝန်းကျင်လောက်လျော့သွားတယ်ပေါ့ ၊အခြားကျောင်းပြောင်းသွားတာက ၇၇ ယာက်လောက်ရှိတယ် ၊၁၇ ယာက်လောက်က ကျာင်းထွက်သွားတယ်” ဟု ဆိုသည်။

    မွန်ပြည်သစ်ပါတီ၊ ရေးချောင်းဖျားဒေသရှိ ညီစားမွန်အမျိုးသားအထက်တန်းကျောင်းတွင် ပြီးခဲ့သည့်ပညာသင်နှစ်အတွင်း ကျောင်းသားကျောင်းသူဦးရေ ၆၅၇ ဦးရှိခဲ့ပြီး ယခုနှစ်ကျောင်းသားစာရင်အရေအတွက် သိရှိရန် တာဝန်ရှိသူတို့နှင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိသေးပေ။

    ၎င်းအပြင် ယခုစာသင်နှစ်တွင် သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် ဖွင့်လှစ်ထားသည့် မွန်အမျိုးသားအလယ်တန်းကျောင်းကို အထက်တန်းအဆင့် Grade 12 အထိ တိုးမြှင့်သင်ကြားနေသည်ဟုလည်း သိရသည်။

    ယခုနှစ် ပညာသင်နှစ်တွင် မွန်အမျိုးသားကျောင်းတွင်သာမက အစိုးရစာသင်ကျောင်းတို့တွင်လည်း ကျောင်းတက်ရောက်မှုနှုန်း နည်းပါးလျှက်ရှိသည်ဟု သိရသည်။

    ကျောင်းနေအရွယ် ကျောင်းသားကျောင်းသူတို့ ကျောင်းထွက်နှုန်းများနေခြင်းသည် စစ်ကောင်စီလက်တက် မိသားစုစားဝတ်နေရေးအခက်အခဲတို့ကြောင့် ပြည်ပထွက်အလုပ်လုပ်ကိုင်မှု မြင့်တက်လာကာ၊ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရခြင်းနှင့် ငွေကြေးမတတ်နိုင်ခြင်းကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေရသည်ဟု ပညာရေးကဏ္ဍစောင့်ကြည့်ရေးအဖွဲ့ ECW မှ ပြီးခဲ့သည့် နှစ်ဆန်းပိုင်းမှ အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks