spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီရေတပ်မှ ပစ်ခတ်မှုကြောင့် ရေဖြူဒေသခံတို့ တိမ်းရှောင်နေဆဲ

    စစ်ကောင်စီရေတပ်မှ ပစ်ခတ်မှုကြောင့် ရေဖြူဒေသခံတို့ တိမ်းရှောင်နေဆဲ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ကျေးရွာအတွင်းသို့ ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့တွင် စစ်ကောင်စီမောရဝတီရေတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ရေဖြူဒေသခံတို့ ယနေ့ ဇွန်လ ၁၂ ရက်နေ့အထိ ထွက်ပြေးတိမ်းရှောင်နေဆဲဟု ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့တွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ရာဖူးရွာသစ်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီမောရဝတီရေတပ်မှ လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်မှုကြောင့် တိမ်းရှောင်နေရသည်ဟု သိရသည်။

    အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရေဖြူမြို့နယ်၊ ရာဖူးရွာသစ်၊ ရာဖူးကျေးရွာ၊ သာယာမွန်ကျေးရွာမှ ဒေသခံ ၂၀၀ ကျော် တိမ်းရှောင်နေရသည်ဟု ရေဖြူဒေသခံလူငယ်တစ်ဦးက ဆိုသည်။

    “အများစုက ဟံဂံဘက်ခြမ်းမှာ တိမ်းရှောင်နေကြတာ၊ တစ်ချို့ကြတော့ အသိရှိတဲ့ဘက်ကိုသွားကြတယ်၊ စပစ်တဲ့နေ့ပြီးကတည်းက ထွက်ပြေးကုန်ပြီး၊ ရွာမှာလည်း ကျန်တဲ့လူတွေကျန်ခဲ့တယ်၊ တစ်အိမ်မှာဆို တစ်ယောက်လောက်ကျန်ခဲ့တယ်၊ ရွာမှာကျတော့လည်း စစ်ကောင်စီတပ်သား တွေ အကုန်လုံးနေရာ ယူထားကြတာ၊ ရာဖူးရွာက တစ်ချို့အိမ်ကိုလည်း သိမ်းလိုက်ပြီး ဝင်နေလိုက်တယ်” ဟု သူကပြောသည်။

    ၎င်းအပြင် စစ်ကောင်စီရေတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဇွန်လ ၇ ရက်နေ့တွင် ရာဖူးရွာသစ်မှ အသက် ၄၀ ဝန်းကျင်ဇနီးမောင်နှံ ၂ ဦး၊လသားအရွယ်ကလေးငယ် ၁ ဦးနှင့် အသက် ၁၀ နှစ်ဝန်းကျင်ကလေး ၁ ဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။

    လက်ရှိတွင် အဆိုပါ ရာဖူးရွာသစ်၊ ရာဖူးရွာနှင့် သယာမွန်ကျေးရွာအတွင်း စစ်ကောင်စီအဖွဲတို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေသည့်အပြင် ကျေးရွာအတွင်းရှိ ဒေသခံတို့၏ နေအိမ်တို့တွင်လည်း စခန်းချနေထိုင်နေသည်ဟု သိရသည်။

    ထို့ကြောင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့ကို ပြန်လည်ထိုးစစ်ဆင်မည်ဟု မွန်-တနင်္သာရီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထုတ်ပြန်ထားသည့်နောက် တိုက်ပွဲပြင်းထန်မည်ကို ဒေသခံတို့က စိုးရိမ်လျှက်ရှိသည်။

    “အခုဆိုရင် ထုတ်ပြန်ချက်ထုတ်ထားတာ တွေ့နေတာပဲ၊ နှစ်ဖက်တိုက်ပွဲပိုပြီး ပြန်ပြင်းထန်လာမယ်၊ တကယ်ဖြစ်လာမှာကို စိုးရိမ်နေကြတယ်၊ တစ်ချို့ကြတော့ ကိုယ့်ရဲ့အိုးအိမ်တွေကိုစိုးရိမ်နေကြတယ်။ အခြေအနေတွေက မတည်ငြိမ်နေတော့ ပြန်ချင်ပေမယ့်လည်း မပြန်ရဲကြဘူး” ဟု ရေဖြူဒေသခံက ဆက်ပြောသည်။

    ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကို ဆယ်သွယ်ထားသည့် ရေး-ထားဝယ်လမ်းပိုင်းတွင် တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်သည့်အတွက် ပြည်သူများ အရေးကြီးကိစ္စမှလွဲ၍ အသုံးမပြုရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထုတ်ပြန်ထားသည်။

    မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က တာ်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ မလွှဲတောင်အနီးတဝိုက်ရှိ အလယ်စခန်း၊ လော့သိုင်း၊ ရာဖူးကျေးရွာဘက်သို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်ခဲ့သေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts