Wednesday, March 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် မေလအတွင်း သတ်ဖြတ်ခံရသူ ၂၂ ဦးအထိရှိ

    မွန်ပြည်နယ်တွင် မေလအတွင်း သတ်ဖြတ်ခံရသူ ၂၂ ဦးအထိရှိ

    -

    မွန်ပြည်နယ်တွင် မေလတစ်လအတွင်း စစ်ကောင်စီကြောင့် အရပ်သား ၂၂ ဦးအထိ သတ်ဖြတ်ခံခဲ့ရသည်ဟု လဂွန်းအိမ်စာစဉ်က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

    မွန်ပြည်နယ်တွင် မေလအတွင်း တိုက်ပွဲဖြစ်ပွားမှုများ အနည်းငယ် လျော့နည်းသွားသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှု နှစ်ဆနီးပါး ပိုမိုများပြားလာသည်ဟုလည်း လဂွန်းအိမ်စာစဉ်က ထုတ်ပြန်ထားသည်။

    မေလအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချို့ဖောက်မှု ၇၃ ကြိမ် ကျူးလွန်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

    မေလတွင် စစ်ကောင်စီကြောင့် သတ်ဖြတ်ခံရသူ ၂၂ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၃၈ ဦး၊ ဖမ်းဆီးခံရသူ ၁၃ ဦးရှိခဲ့ကာ ပြီးခဲ့သည့် ဧပြီလနှင့် ယှဉ်လျှင့် နှစ်ဆနီးပါး ပိုများလာသည်ဟု ဆိုထားသည်။

    ပြီးခဲ့သည့် မေလက မွန်ပြည်နယ်တွင် စစ်ကောင်စီကြောင့် အရပ်သား ၁၅ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ ၁၇ ဦး ထိခိုက်ဒဏ်ရာရကာ ၁၁ ဦး ဖမ်းဆီးခံခဲ့ရသည်။

    လူ့အခွင့်အရေး ချိုးဖောက်ခံရသူ အများစုသည် မတရား ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ လက်နက်ကြီး အပါအဝင် စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ မိုင်းနင်းမိခြင်းတို့ကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

    ထိခိုက်သေဆုံးသူများတွင် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များလည်း ပါဝင်သည်ဟု လဂွန်းအိမ်စာစဉ်က ဖော်ပြထားသည်။

    ၎င်းပြင် မေလအတွင်း သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး ကျိုက်မရောမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် တိုက်ပွဲပိုမို ပြင်းထန်ခဲ့သည်။

    စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း နေအိမ် ၅၁ လုံး ထိခိုက်ပျက်စီးသွားခဲ့သည့်အပြင် ဒေသခံပြည်သူ ၂၀၀၀၀ ကျော်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု လဂွန်းအိမ်စာစဉ်က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks