spot_img
Thursday, February 6, 2025
More
    spot_img
    Homeသတင်းမော်လမြိုင် နိုင်ငံကူးလက်မှတ်ရုံးတွင် PJ မှ PV ပြောင်းလဲလျှောက်ထားခွင့် ကန့်သတ်နိုင်

    မော်လမြိုင် နိုင်ငံကူးလက်မှတ်ရုံးတွင် PJ မှ PV ပြောင်းလဲလျှောက်ထားခွင့် ကန့်သတ်နိုင်

    -

    စစ်ကောင်စီမှ ပြည်ပထွက်အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် PJ မှ အလည်အပတ်နိုင်ငံကူး လက်မှတ် PV အဖြစ်သို့ ပြောင်းလဲလျှောက်ထားခွင့်ကို ဇွန်လ ၆ ရက်တွင် ပိတ်ပင်လိုက်သည့်နောက် မော်လမြိုင် နိုင်ငံကူးလက်မှတ်ရုံးတွင်လည်း ကန့်သတ်လာနိုင်သည်ဟု နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုပေးနေသူတို့က သုးသပ်သည်။

    လက်ရှိ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ယင်းကန့်သတ်မှုကို စတင်လုပ်ဆောင်နေပြီး မော်လမြိုင်နိုင်ငံကူးလက်မှတ်ရုံးတွင် PJ မှ PV သို့ ပြောင်းလဲလျှောက်ထားသူ များနေခြင်းကြောင့် ကန့်သတ်လာနိုင်သည်ဟု နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုပေးနေသူတစ်ဦးက ဆိုသည်။

    “PJ က ယောကျာ်းလေးတွေအတွက် ထွက်ဖို့ ကန့်သတ်ခံထားရတော့ PJ ကနေ PV ကိုပြောင်းလျှောက်ထားကြတယ် ၊ အခုလိုပိတ်ပင်တာက လူငယ်ကိုပြည်ပထွက်ဖို့ကန့်သတ်တာပဲ ပဲခူးဘက်နဲ့ရန်ကုန်ဘက်မှာတော့စနေပြီးတဲ့ မော်လမြိုင်မှာတော့ အဲလိုပြောင်းဖို့တင်ထားတာ အများကြီးရှိတယ်"ဟု ဆိုသည်။

    ပြီးခဲ့သည့်မေလ ၁ ရက်နေ့မှစ၍ အသက် ၂၃ နှစ်မှ ၃၁ နှစ်အကြားအမျိုးသားများကို ပြည်ပထွက် အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းမည်ဟု ကန့်သတ်လာသည့်နောက် အလည်ဗီဇာဖြင့်ပြည်ပထွက်ခွင့်ရရန်ပြောင်းလဲ လျှောက်ထားမှုများနေသည်ဟု သိရသည်။

    PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ထွက်ခွာနိုင်သော်လည်း အလုပ်ခေါ်စာအေဂျင်စီတစ်ချို့တွင် အသက်၂၃ နှစ်အထက် အမျိုးသားတို့၏ အလုပ်လျှောက်လွှာတို့ကို လက်မခံနေကြောင်း ပြည်ပထွက်ရန်ပြင်ဆင်နေသည့် မုဒုံမြို့မှ လူငယ်တစ်ဦးက ဆိုသည်။

    “အင်တာဗျူး အောင်သွားရင်လည်း ပတ်စပို့ကိစ္စနဲ့ရှုပ်ရင် ပြင်ဆင်ထားတဲ့ စာချုပ်တွေက အလဟသ ဖြစ်တယ်၊ အသက် ၂၃ ဆို အေဂျင်စီတွေကသိပ်လက်မခံတော့ဘူး၊ PV နဲ့သွားဖို့ ညှိနှိုင်းတာတွေလုပ်နိုင်ရင် ပြည်ပကလက်ခံတယ်။ PVနဲ့ထွက်လို့ရနေတော့ ပြန်ပြောင်းကြတယ်၊ ပြောင်းဖို့ ဘိုကင်ထားတဲ့သူတွေလည်း အများကြီးပါပဲ ”ဟု လူငယ် ဆိုသည်။

    စစ်ကောင်စီမှ လူငယ်များ ပြည်ပသို့မထွက်ခွာနိုင်ရန် နည်းအမျိုးမျိုးဖြင့် ကန့်သတ်နေခြင်းကြောင့် ပြည်ပထွက်ခွာမည့် လူငယ်များအခက်ခဲမျိုးစုံကြုံတွေ့နေရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    အမျိုးသားများကို ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့် ယာယီပိတ်ပင်လိုက်သည့်နောက် မေလ ၇ ရက်နေ့တွင် ပြန်လည်ဖြေလျော့လာသော်လည်း ကန့်သတ်မှုအချို့ရှိနေဆဲဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,700SubscribersSubscribe
    spot_img

    Latest posts