spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းအရပ်သားပါဝင်သည့် အုပ်ချုပ်ရေးစနစ် ဖော်ဆောင်မည်ဟု TNLA ပြော

    အရပ်သားပါဝင်သည့် အုပ်ချုပ်ရေးစနစ် ဖော်ဆောင်မည်ဟု TNLA ပြော

    -

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လာမည့် ၂၀၂၅ ခုနှစ်မှာ အရပ်သားများ ပူးပေါင်းပါဝင်သည့် အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်သွားမယ်လို့ TNLA မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက ပြောသည်။

    ယခု ၂၀၂၄ ခုနှစ်တွင် TNLA ကပဲ ဦးဆောင်ကာ အုပ်ချုပ်ရေးကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အရပ်သားပါဝင်သည့် အုပ်ချုပ်ရေးစနစ်ဖော်ဆောင်နိုင်ရေး ပြည်သူလူထုများ ပါဝင်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

    “ဟုတ်ကဲ့ လက်ရှိကတော့ပေါ့နော်၊ ဒီ ၂၀၂၄ ခုနှစ်မှာတော့ ကျမတို့ TNLA ကပဲ အဓိက ဦးဆောင်ပြီး ဆောင်ရွက်သွားမယ်၊ လာမယ့် ၂၀၂၅ မှာပေါ့၊ အရပ်သားပူးပေါင်းပါဝင်တဲ့ အုပ်ချုပ်ရေးစနစ် သွားနိုင်ဖို့ ကျမတို့ ကြိုးပမ်းနေတာမျိုးတွေ ရှိတယ်။ အရပ်သားစနစ်ပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်ဖော်ဆောင်ဖို့ ပြည်သူလူထုတွေ ပါဝင်ဖို့လိုတယ်။ အရပ်သားတွေ ပါဝင်ဖို့ လိုတယ်ပေါ့နော်၊ အခြား CSO အဖွဲ့တွေလည်း ပါဝင်ဖို့လိုတယ်၊ ဒါမှသာလျှင် ကျမတို့ မျှော်မှန်းထားတဲ့အစိုးရနဲ့ လူထုအစိုးရပေါ့နော်၊ အဲကနေတဆင့်ကျမတို့ မျှော်မှန်းသွားနိုင်မှာ ဖြစ်တယ်။ အခု ကျမတို့ ဖော်ဆောင်နေတဲ့ အုပ်ချုပ်ရေး ယန္တယားကလည်းပဲ လူထုရဲ့ အားတွေ အများကြီး လိုအပ်သေးတာပေါ့၊ အထူးသဖြင့် ဝန်ဆောင်မှုပေးတဲ့နေရာမှာ ကျန်းမာရေး ပြီးရင် ပညာရေးတွေမှာလည်း အများကြီး လိုအပ်တယ်။ အဲဒါကြောင့်မို့ လူထုကလည်း တတ်နိုင်တဲ့ဖက်က ပါဝင်ကြဖို့ ကျမတိုက်တွန်းလိုပါတယ်” ဟု ၎င်းက ပြောသည်။

    ညီနောင်မဟာမိတ်သုံးဖွဲ့ (TNLA-AA-MNDAA) က ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းမြောက်ရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို TNLA က သိမ်းပိုက်ရရှိခဲ့သည်။

    ထို့နောက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးစသည့် အုပ်ချုပ်မှုယန္တယားများ လည်ပတ်နိုင်ရေး TNLA က ဒေသခံလူထုနှင့် တွေ့ဆုံလျက်ရှိသည်ကို တွေ့ရသည်။

    မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “အဲဒီသိမ်းပြီးတဲ့ မြို့တွေကတော့ သူတို့ (TNLA) ဒေသအုပ်ချုပ်ရေး ပြန်လည်ထူထောင်ပြီးတော့ အုပ်ချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆက်လက်ပြီးတော့ အုပ်ချုပ်သွားမယ့် သဘောရှိပါတယ်” ဟု ပြောသည်။

    သို့သော်လည်း ရှမ်းမြောက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် TNLA အကြားတွင် လည်းကောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် TNLA အကြားတွင် လည်းကောင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းကြား နယ်မြေအငြင်းပွားမှုဖြစ်ပွားနေပြီး အုပ်ချုပ်ရေး ယန္တယားအပြိုင် ထူထောင်လျက်ရှိနေသည်။

    ၎င်းကိစ္စကို တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း ဖြေရှင်းရမှာဖြစ်ပြီး ငြိမ်းချမ်းရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေး ရန် လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ထောက်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks