spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းဘီးလင်းတွင် ရဲတပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရ

    ဘီးလင်းတွင် ရဲတပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာတွင် ရဲတပ်ကြပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဇွန်လ ၆ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်ခန့်က ရဲတပ်ကြပ် တင်လှဆိုသူသည် ဆိုင်ကယ်စီးနင်းလာစဉ် ယွန်းဒလင်းကုန်းကျေးရွာ လမ်းဆုံအနီးအရောက်တွင် သေနတ်သမားတို့က ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရမှုကြောင့် ရဲတပ်ကြပ်ကြီး တင်လှသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

    ရဲတပ်ကြပ်ကြီး တင်လှသည် တောင်စွန်းလျှပ်စစ်ရုံး လုံခြုံရေးတာဝန် ထမ်းဆောင်နေသူဖြစ်ပြီး လျှပ်စစ်ရုံးမှ နေအိမ်သို့ ပြန်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

    “ဘယ်အဖွဲ့က ပစ်သွားလဲဆိုတာတော့ မသိဘူး။ ဒီလိုမျိုး ရဲတို့ ဘာတို့ ပစ်ခတ်ခံနေရတာက မကြာခဏပါပဲ။ ဘယ်ကောင်က လုပ်သွားမှန်းလည်း ဘယ်သူမသိဘူး။ ကိုယ်ထိ ကိုယ်ခံပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ရဲတပ်ကြပ်ကြီး တင်လှကို PDF အဖွဲ့က ပစ်သတ်သွားခဲ့သည်ဟု စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်တွင် ရေးသားနေပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့က တစုံတရာ ထုတ်ပြန်လာခြင်းမရှိသေးပေ။

    ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာရှိ အောင်ပြည့်စုံ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးနိုင်နှင့် ဇုတ်သုတ်နှင့် ဇုတ်ကလိရွာကြားရှိ စံပြစက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်  ဦးမွန်ကြီးတို့နှစ်ဦး ပစ်သတ်ခံခဲ့ရသေးသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း သထုံခရိုင်အတွင်းရှိ ဘီးလင်း၊ သထုံ၊ ကျိုက်ထိုမြို့နယ်တို့တွင် စစ်ကောင်စီသတင်းပေးဆိုသူများ၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ ပစ်ခတ်ရှင်းလင်းခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေသည်။

    ၂၀၂၄ ခုနှစ်အတွင်း၌ပင် ဘီးလင်းနှင့် သထုံမြို့နယ်တို့တွင် သတင်းပေးဆိုသူ၊ အုပ်ချုပ်ရေးမှူး၊ ပြည်သူစစ်၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် ၁၀ ဦးထက်မနည်း ပစ်ခတ်ရှင်းလင်းခံခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts