spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းလာမည့်အောက်တိုဘာလအတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်မည်ဟု စစ်ကောင်စီ ပြော

    လာမည့်အောက်တိုဘာလအတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်မည်ဟု စစ်ကောင်စီ ပြော

    -

    ရွေးကောက်ပွဲအမြန်ဆုံးပြုလုပ်ပေးမည်ဟု အကြိမ်ကြိမ်ပြောဆိုနေသည့် စစ်ကောင်စီသည် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသွားမည်ဟု စစ်ကောင်စီဝါဒဖြန့် ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထပ်မံပြောဆိုလာသည်။

    အဆိုပါ ၂၀၂၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးပုံစံအတွက် မေးခွန်း ၁၈ ခုဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူသွားရန် စစ်ကောင်စီက စီစဥ်ထားသည်။

    ထိုကြောင့် ယခုလုပ်ငန်းစဥ်ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ အားလုံးတက်လက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် စစ်ကောင်စီ၏ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က တိုက်တွန်းထားသည်။

    လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှု အခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့် ကောက်ယူနိုင်ရေး ကြိုတင်စီစဥ်ဆောင်ရွက် ထားဖို့ကိုလည်း စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးက ပြောဆိုသည်။

    ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီးပါက ရွေးကောက်ပွဲကျင်းပပေးသွားမည်ဖြစ်ကာ အနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာလွှဲပြောင်းပေးမည်ဟုလည်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာရှိသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဥ် ၅ ရပ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပသွားရန်ဆိုသည့်အချက်ပါဝင်သော်လည်း မည်သည့်အချိန် ကာလတွင် ကျင်းပသွားမည်ကို ယနေ့ထိ တိတိကျကျ ထုတ်ဖော်ပြောကြားလာခြင်းမရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts