spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းသတင်းစီးဆင်းမှုနည်းစေရန် ၁၀ ရက်ကျော်ကြာ အင်တာနက်ဖြတ်တောက်ထား

    သတင်းစီးဆင်းမှုနည်းစေရန် ၁၀ ရက်ကျော်ကြာ အင်တာနက်ဖြတ်တောက်ထား

    -

    မွန်ပြည်နယ်အတွင်း စစ်ကောင်စီမှ သတင်းစီးဆင်းမှုနှောင့်နှေးစေမည့် ရည်ရွယ်ချက်ဖြင့်လူအသုံးများသည့်VPN software များကို ၁၀ ရက်ကျော်ကြာသည်အထိ ပိတ်ထားသည်ဟု အသုံးပြုသူတို့က ဆိုသည်။

    ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်အတွင်း ကျပ်ငွေဈေးနှင့် ရွှေဈေးနှန်း စံချိန်တင်မြင့်နေစဉ်တွင် စစ်ကောင်စီမှ Facebook လူမှုကွန်ရက် စာမျက်နှာအပါဝင် အခြား software တို့ကိုကျော်လွန်၍အသုံးပြုနေရသည့် Virtual Private Network ခေါ် VPN တို့ကို ပိတ်ထားသည်ဟု သိရသည်။

    လက်ရှိ ပိတ်ဆို့မှုသည် သတင်းစီးဆင်းမှုနည်းစေရန်ရည်ရွယ်ပြီး အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီအဖွဲ့ တိုက်ပွဲဖြစ်ပွားသည့် နေရာတို့တွင်လည်း သတင်းအချက်အလက် ရယူမှု မရှိစေရန် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

    “ ကိုယ့်ရဲ့ပြည်တွင်းဖြစ်ပျက်နေတဲ့အကြောင်းတွေ မတင်နိုင်လုပ်နေတာ။ ပြီးတော့ ပြည်ပအချိတ်အဆက်တွေနဲ့လည်း အဆက်သွယ်မရဖို့၊ အခုချိန်မှာ ကိုယ်ဒေသမှာတစ်ခုခုဖြစ်ရင် အင်တာနက်လိုင်းက ပြတ်နေတော့ ဘာမှလုပ်မရဘူးဖြစ်နေတာ၊ ပြီးတော့တော်လှန်ရေးအချိတ်အဆက်ရှိတဲ့သူတွေ အဆက်သွယ်မလုပ်နိုင်အောင်လုပ်ဆောင်နေတာ လည်းဖြစ်နိုင်တယ် ” ဟု ဆိုသည်။

    လက်ရှိတွင် Mytel ဆင်းကဒ်တစ်ခုဖြင့်သာ အင်တာနက်ရရှိနေပြီး အင်တာနက်သုံးသူတို့ အများဆုံးအသုံးပြုနေသည့် VPN 1.1.1.1,Nord,Tunder, GreenNet တို့ ဖြတ်တောက်ခံထားရခြင်းကြောင့် ဆက်သွယ်ရေးဆိုင်ရာ ခက်ခဲလျှက်ရှိသည်ဟု ဆက်ပြောသည်။

    “အင်တာနက်လိုင်းကလုံးဝကိုအဆင်မပြေတော့ဘူး။ အခုက mobile phone အပေါ်မူတည်ပြီး VPN ကိုရှာသုံးနေရတယ်။ တစ်ချို့ VPN တွေကလည်းအလုပ်ပ်မတော့ဘူး။ VPNကို ban နေတာဆိုတော့ သုံးစွဲသူတွေက အခက်ခဲအရမ်းဖြစ်တယ်။ ပြီးတော့ အော်ပရေတာက MPT ဆိုအလုပ်ပ်မတော့ဘူး။ Telenor ဆိုရင် စကားပြောနေရင်းနဲ့ သုံးမိနစ်လောက်ဆို မရတော့ဘူး။လိုင်းကမကျနေဘူး ဒါမဲ့စက္ကန့်၄၀လောက်မှ voice က confirm ပြန်ဖြစ်တယ်"ဟု ဆိုသည်။

    အင်တာနက်လိုင်း ကန့်သတ်ထားသည့် ၁၀ ရက်တာကာလအတွင်း အွန်းလိုင်း စီးပွားရေးလုပ်ကိုင်သူနှင့် အွန်လိုင်း ကျောင်းသား/သူများ အခက်ခဲရှိနေသည်ဟု သိရသည်။

    ပြီးခဲ့သည့်၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်း အင်တာနက်ဖြတ်တောက်ခံရသည့် မြို့နယ်ပေါင်း ၆၀ ကျော်ရှိရာမှ ယခု ၂၀၂၄ ခုနှစ်တွင် ၈၀ ကျော်အထိရှိလာသည်ဟု နိုင်ငံတကားမြန်မာ့သတင်း BNI မှ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် တင်ပြသည့် အချက်အလက်အရ သိရသည်။

    ထို့ကြောင့် မြန်မာနိုင်ငံ၏ သတင်းလွပ်လပ်ခွင့်အခြေအနေသည် ကမ္ဘာပေါ်ရှိ အဆိုးဝါးဆုံး သတင်းလွတ်လပ်ခွင့် ၁၀ နိုင်ငံတွင် ပါဝင်နေဆဲဖြစ်သည်ဟုလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks