spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းရှေးဟောင်း မွန်ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ကွယ်တော့မည့်အခြေအနေဟုဆို

    ရှေးဟောင်း မွန်ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ကွယ်တော့မည့်အခြေအနေဟုဆို

    -

    ပညာရှင်များ မရှိတော့သည့်အပြင် လက်ဆင့်ကမ်းမည့် မျိုးဆက်သစ်လူငယ်များ စိတ်ဝင်စားမှု မရှိတော့အခြေအနေကြောင့် ရှေးဟောင်း မွန်ရိုရားယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများ အဆို၊ အက၊ အရေး၊ အတီးများ ပျောက်ကွယ်သွားတော့မည့်အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မွန်အသိုင်းအဝိုင်းတို့ထံမှ သိရသည်။

    ရှေးဟောင်း မွန်ရိုရားယဉ်ကျေးမှုအမွေအနှစ်သည် စာအုပ်ထဲတွင်သာ ကျန်ရှိနေပြီး ပျောက်ကွယ်တော့အနေအခြေ ဖြစ်လာနေသည်ဟု မွန်အမျိုးသားကောလိပ်တွင် မွန်ရိုးရာယဉ်ကျေးမှုဘာသာရပ်ကို သင်ကြားပေးနေသည့် ဆရာမ ဒေါ်မိုးမိုးအေးက ပြောသည်။

    “မွန်ရိုးရာယဉ်ကျေးမှုနဲ့ပတ်သက်ပြီး လှုပ်ရှားလေ့လာနေတဲ့ကာလတစ်လျှောက်မှာ ဆရာမသတိပြုမိတာတစ်ခုက ဆရာမတို့ရဲ့ မွန်ရိုးရာယဉ်ကျေးမှုတွေဟာ အရှိန်အဟုန်နဲ့ ပျောက်ကွယ်လာနေတာကို သတိထားမိတယ်။ တချို့ယဉ်ကျေးမှုတွေဆိုရင်လည်း သင်နိုင်တဲ့လူမရှိတော့ဘူး။ ပြောပြပေးနိုင်တဲ့လူလည်း မရှိတော့ဘူး။ အဲအတတ်တွေက စာအုပ်ထဲမှာပဲ ကျန်ရှိတော့တဲ့ အနေအထားပေါ့။ ပြောရရင် ပျောက်ဆုံးအဆင့် ရောက်နေပြီပေါ့နော်” ဟု ၎င်းက ပြောသည်။

    မွန်ရိုးရာယဉ်ကျေးမှု မပပျောက်အောင် ရေရှည်သင်ကြားနိုင်မည့်ကျောင်းများ၊ သင်တန်းများ၊ တတ်မြောက်ထားသည့် ပညာကို လက်စွမ်းပြနိုင်မည့်နေရာများ ရှိစေလိုကြောင်းနှင့် မွန်အရပ်ဖက်အဖွဲ့အစည်းများလည်း ဝိုင်းဝန်းကြိုးစားပေးစေလိုကြောင်း ၎င်းက ဆက်ပြောသည်။

    ဒေါ်မိုးမိုးအေးက “နွေရာသီမွန်စာပေသင်တန်းတွေ ဖွင့်နေကြသလိုမျိုး မွန်ရိုးရာယဉ်ကျေးမှုသင်တန်းကျောင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပေးဖွင့်စေချင်တယ်။ အဲဒီလို ဖြစ်လာနိုင်အောင်လည်း အားလုံးဝိုင်းဝန်းကြိုးစားစေချင်တယ်” ဟု ပြောသည်။

    မွန်လူငယ်များအနေဖြင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ကွယ်သွားအောင် ဝိုင်းဝန်းထိမ်းသိမ်းစေလိုကြောင်း မွန်ရိုးရာတူရိယာနှင့် အကနည်းပြ ဆရာမ မိချိုချိုအေးက ပြောသည်။

    “မွန်လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ပတ်သက်ပြီး စိတ်ဝင်စားစေချင်တယ်။ ဝါသနာပါလို့မှ မဟုတ်ဘူးပေါ့နော်။ တချို့ကပြောကြတယ်ပေါ့။ မိကျောင်းတီးတာ ဝါသနာမပါဘူး။ ပတ္တလားတီးတာလည်း ဝါသနာမပါဘူး။ အဲအတွက် မသင်တော့ဘူးလို့ ပြောကြတာပေါ့။ အဲလိုစိတ်တွေ မထားကြပါနဲ့ နည်းနည်းလောက် စိတ်ဝင်စားပေးကြပါ။ နောင်လာမယ့်ကာလမှာ ဒီဆရာတွေ မရှိတော့ရင် ဒီလူငယ်တွေကပဲ လက်ဆင့်ကမ်းပြီး ထိန်းသိမ်းသွားရမယ်။ တချို့က ကိုယ့်ရိုးရာယဉ်ကျေးမှုတောင် မသိတော့တဲ့အနေအထားပေါ့နော်” ဟု ၎င်းက ပြောသည်။

    မွန်လူမျိုးများအနေဖြင့် မွန်ရိုးရာယဉ်ကျေးမှုနှင့် ပတ်သက်ပြီး စိတ်ဝင်စားစေလိုသည့်အပြင် အလေးထား ဆောင်ရွက်စေလိုတယ်လို့လည်း မွန်ရိုးရာအကနည်းပြ ဆရာမတို့က ပြောသည်။

    မွန်အကနည်းပြ ဆရာမတစ်ဦးဖြစ်သည့် မိဂျွန်ဒဲနွန်ကလည်း “သင်တန်းတခါဖွင့်ရင် ငွေကြေးအရမ်းကုန်တယ်ပေါ့နော်။ သင်ကြာပေးမယ့် ဆရာတွေကလည်း သူတို့စီးပွားရေးတွေ ရပ်ပြီးမှ လာသင်ပေးတယ်။ ဒါတွေကို မွန်ပြည်သူတွေရော၊ မွန်အရပ်ဖက်အဖွဲ့အစည်းတွေရော စိတ်ဝင်တစား ရှိစေချင်ပါတယ်။ ကိုယ့်ရိုးရာယဉ်ကျေးမှု မပပျောက်အောင် သူတို့ ဘယ်လိုထိန်းသိမ်းနေလဲဆိုတာကို” ဟု ပြောသည်။

    မွန်ရိုးရာယဉ်ကျေးမှု ရေရှည်တည်တံ့နိုင်ရန်အတွက် ပြတိုက်တစ်ခု ရှိစေချင်သည့်အပြင် တတ်မြောက်ထားသည့်ပညာများကို အသက်မွေးဝမ်းကျောင်းပညာအဖြစ် အသုံးချနိုင်မှ ရေရှည်တည်တံ့နိုင်မည်ဟု မွန်ပညာရှင်တို့က သုံးသပ်ပြောဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks