spot_img
Tuesday, March 11, 2025
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် ရော်ဘာခြံလုပ်ကိုင်သူနှစ်ဦး ပစ်ခံရပြီး သေဆုံး

    ရေးမြို့နယ်တွင် ရော်ဘာခြံလုပ်ကိုင်သူနှစ်ဦး ပစ်ခံရပြီး သေဆုံး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်း၊ အိုင်ပုတ်ပိုင်းရှိ ရော်ဘာခြံတွင် အမျိုးသား နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဇွန်လ ၁ ရက်နေ့ ညက ကိုဖိုးကုလားဆိုသူနှင့် အဖော်အမျိုးသားတို့နှစ်ဦးသည် ရော်ဘာခြံရှိ နေအိမ်တွင် အတူတည်ရှိနေချိန် သေနတ်သမားတို့က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးဖိုးကုလားသည် ပစ်ခတ်ခံရသည့်ရော်ဘာခြံတွင်ပင် သေဆုံးသွားခဲ့ပြီး အဖော်အမျိုးသားကတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

    သေနတ် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားကို ဆေးရုံတွင် ဆေးကုသမှုခံယူနေရင်း ဇွန်လ ၃ ရက်နေ့တွင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “ပစ်ခံရတာ ညပိုင်းဖြစ်နေတော့ ဆေးရုံပို့ဖို့ ကားခေါ်တာ အဆင်မပြေတော့ မနက်ကျမှ ဆေးရုံပို့ရတယ်။ ဦးဖိုးကုလားကတော့ ပစ်ခံရတာ ညကတည်းက သေဆုံးသွားတယ်။ ဒဏ်ရာရတဲ့တစ်ယောက်က ဆေးရုံရောက်ပြီးမှ ဆုံးသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    သေနတ်ပစ်ခံရသည့် ဦးဖိုးကုလားတို့နှစ်ဦးသည် သာမန်အရပ်သားများသာဖြစ်ကြပြီး ရော်ဘာခြံအလုပ်လုပ်ကြသူများဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

    စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်မှာတော့ ကိုဖိုးကုလားနှင့် အဖော်အမျိုးသားတို့နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က ပစ်ခတ်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

    ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က ကိုဖိုးကုလားတို့ ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး တစုံတရာထုတ်ပြန်လာခြင်းမရှိသေးပေ။

    ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်သား၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်း၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်းပေးဆိုသူများ၊ သတင်းပေးဒလန်ဆိုပြီး စွပ်စွဲခံရသူများကို ဒေသတွင်း လှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့အပါအဝင် တော်လှန်ရေးအဖွဲ့တို့က မကြာခဏပစ်ခတ်ရှင်းလေ့ရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,400SubscribersSubscribe
    spot_img

    Latest posts