spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းနာမည်ကြီးရွှေလုပ်ငန်းရှင်များအပါ ၂၁ ဦးကို ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီထုတ်ပြန်

    နာမည်ကြီးရွှေလုပ်ငန်းရှင်များအပါ ၂၁ ဦးကို ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီထုတ်ပြန်

    -

    စစ်ကောင်စီက ပြည်တွင်းရှိ နာမည်ကြီးရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်နှင့် ဝိန့်စိန်အပါအဝင် ရွှေဆိုင်ပိုင်ရှင်နှင့် ပွဲစား ၂၁ ဦးကို ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်း လုပ်ဆောင်ထားကြောင်း ရွှေလုပ်ငန်းရှင်များအသင်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။

    လူမှုကွန်ရက်မီဒီယာများမှတဆင့် အမှန်တကယ်အရောင်းအဝယ်မဖြစ်နေသည့် ရွှေစျေးနှုန်းများဖြင့် ဝါဒဖြန့်ကာ စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင်ရွှေအရောင်းအဝယ်ပြုလုပ်နေသည့် ပွဲစားများအပါအဝင် ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည် စစ်ကောင်စီက ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။

    ဖမ်းဆီးစစ်ဆေးခံနေရသူများ၏ ထွက်ဆိုချက်အရ ပြည်တွင်းရွှေ‌စျေးကွက်အတွင်း ‌စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှ အောင်သမာဓိရွှေဆိုင် မန္တလေးဆိုင်ခွဲမှ ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထက်ဆိုင်ပိုင်ရှင် ဦးဆန်းဝင်းနှင့် ဝိန့်စိန်ရွှေဆိုင် ပိုင်ရှင် ဦးအောင်ကောင်းမြတ်တို့အပါအဝင် ရွှေလုပ်ငန်းရှင်နှင့် ပွဲစား ၁၀ ဦး ပါဝင်နေသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    ‌ရွှေစျေးနှုန်းမတည်မငြိမ်ဖြစ်အောင် နောက်ကွယ်က ပါဝင်နေသည့် ရွှေလုပ်ငန်းရှင်နှင့် ပွဲစား ၁၀ ဦးတို့က တိမ်းရှောင်လျက်ရှိပြီး ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    “ဆိုင်တွေကို ပိတ်ခိုင်းထားတယ်။ ခေါ်စစ်ခံရတဲ့ ဆိုင်တွေပေါ့လေ။ အဓိက စျေးကစားတယ်ပေါ့ဗျာ စစ်တာက စစ်တပ်က တိုက်ရိုက်စစ်တာလို့ပြောတယ်။ တချို့ပြန်လွတ်လာကြပြီဗျ။ ရွှေစျေးက ကြိုက်ရောင်း ကြိုက်ဝယ်စျေးဖြစ်သွားတော့ အခုလိုတွေဖြစ်ကုန်တာ ထင်ပါတယ်။ ချိတ်ပိတ်တယ်ဆိုတာမျိုးတော့ မကြားမိဘူးဗျ မရှိသေးဘူး” ဟု ရွှေလုပ်ငန်းရှင်အသင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များမှာတော့ ထွက်ပြေးတိမ်းရှောင်နေကြသည့် ရွှေလုပ်ငန်းရှင်များနှင့် ပွဲစားများ၏ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ရန် ရေးသားလှုံ့ဆော်နေသည်။

    ဇွန်လ ၃ ရက်နေ့မှာတော့ စစ်ကောင်စီမှ ဖမ်းဝရမ်းထုတ်ခံထားရသည့် အောင်သမာဓိရွှေဆိုင် အရောင်းပိတ်ထားပြီး၊ လသာရှိ ဇွဲထက်ရွှေဆိုင်မှာတော့ ဆိုင်ဆက်လက် ဖွင့်လှစ်ထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

    မေလနောက်ဆုံးအပတ်က ပြည်တွင်းရွှေစျေးကွက်အတွင်း အခေါက်ရွှေစျေး တစ်ကျပ်သား ၉၈ သိန်းကျော်အထိ စံချိန်တင်စျေးတက်ခဲ့ပြီးနောက် ရွှေစျေးမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည်ဆိုပြီး ရွှေလုပ်ငန်းရှင်များနှင့် ပွဲစားများကို ဖမ်းဆီးအရေးယူးရန် စစ်ကောင်စီက လုပ်ဆောင်လာခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks