Homeသတင်းရေး - သံဖြူဇရပ်လမ်းပိုင်းတွင် ငွေကြေးကောက်ခံသည့်ဂိတ်တို့ များလာ

ရေး – သံဖြူဇရပ်လမ်းပိုင်းတွင် ငွေကြေးကောက်ခံသည့်ဂိတ်တို့ များလာ

-

မွန်ပြည်နယ် ၊ရေးမြို့နယ် ၊ရေး – သံဖြူဇရပ် ကားလမ်းမကြီးပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အပါအဝင် အခြားဂိတ်ကြေး ကောက်ခံနေသည့်အဖွဲ့တို့ များလာသည်ဟု ယာဉ်မောင်းတို့က ဆိုသည်။

ယခင် ရေး-သံဖြူဇရပ်လမ်းပေါ်တွင် စစ်ကောင်စီမှ ငွေကြေးကောက်ခံနေသည့်ဂိတ် ၄ ခုရှိရာ လက်ရှိတွင် ကရင်လက်နက်ကိုင်အဖွဲ့ဟု ယူဆရသည့် အဖွဲ့တို့သည် လိမ္မော်ခြံရွာနှင့် နှစ်ကရင်လမ်းဝတို့တွင် လမ်းကြေးကောက်ခံရန် ဂိတ် (၂) ခု ထပ်မံဖွင့်လှစ်ထားသည်ဟု ရေး- မော်လမြိုင် ယာဉ်မောင်းတစ်ဦးက ဆိုသည်။

“အခုဆို ပုံမှန်ဖြစ်သွားပြီး မနက် ၅နာရီလောက်ကတည်းက သူတို့လမ်းပေါ်ရောက်နေပြီး ကောက်တာကတော့ pdf တာ့မဟုတ်ဘူး KNU ကလို့ထင်တယ် ၊ကားတစ်စီဆိုရင် ကုန်ပစ္စည်းပါရင် ပေးရတယ်၊ခေါက်ကြေးက လွတ်လွတ်၊ နှစ်စဉ်ကြေးက လွတ်လွတ်ပေးရတယ် တွဲကားဆိုရင် ပိုပေးရတယ်လို့ပြောရတယ်” ဟု ယာဉ်မောင်းက ဆိုသည်။

လမ်းကြေးကောက်ခံရာတွင် နှစ်ချုပ်ပုံဖြင့် အိမ်စီကားတစ်စီးလျှင် တစ်နှစ် ၅သောင်းကျပ်ပေးဆောင်ထားရပြီး ဆီဘောက်ဆာနှင့် ကုန်တင်ယာဉ်ကားကြီး တစ်စီးလျှင် ကျပ် ၅သိန်း အထိ ပးဆောင်ထားရသည် သိရသည်။

ထို့အပြင် ခေါက်ရေကြေးတို့ကိုလည်း အဆိုပါဂိတ်အဖွဲ့တို့မှ တောင်းခံသည့်ပမာဏအတိုင်း သိန်းဂဏန်းအထိ ပေးဆောင်နေရသည်ဟု ယာဉ်မောင်းတို့က ဆိုသည်။

ကုန်တင်ယာဉ်များ လမ်းကြေးပေးဆောင်မှုများခြင်းကြောင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာကာ စားသုံးသူများ နစ်နာရသည်ဟုလည်း ရေးဒေသခံတစ်ဦးက ဆိုသည်။

“အဓိက လမ်းပန်းဆက်သွယ်ရေး ကောက်ကြေးတွေ များလာတယ်ပေါ့ အဖွဲ့အစည်းတွေလည်း များလာတယ် ကုန်သည်တွေက ပေးရကမ်းရတာများလာတဲ့ အခါကျတော့ စားသုံးသူတွေက ထုံးစံအတိုင်းနစ်နာတာပေါ့” ဟု ရေးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ရေး- သံဖြူဇရပ် ကားစရိတ်မြင့်တက်နေသည့်အပြင် ရေးမြို့အတွင်း စက်သုံးဆီနှင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေသည်ဟု သိရသည်။

ထို့အပြင် အဆိုပါ ရေး- သံဖြူဇရပ်လမ်းပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ထုတ်ပြန်ထားသည့် ယာဉ်စည်းကမ်းတို့ကြောင့် ယာဉ်မောင်းတို့ အချိန်မှီ သွားလာနေရသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts