Monday, March 16, 2026
More
    spot_img
    Homeသတင်းသထုံခရိုင်ရှိ စစ်ဘေးတိမ်းရှောင်နေသူတို့ အကူညီအလုံအလောက်မရရှိနေ

    သထုံခရိုင်ရှိ စစ်ဘေးတိမ်းရှောင်နေသူတို့ အကူညီအလုံအလောက်မရရှိနေ

    -

    ကရင်အမျိုးသားအစည်းရုံး (KNU) အုပ်ချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ(၁)တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ သုံးထောင်ကျော်တို့ အကူညီအလုံလောက် မရရှိနေကြောင်း ကရင်ပြည်လူ့အခွင့်ရေးဖောင်ဒေးရှင်း(KHRG) မှ သိရသည်။

    တစ်လကျော်ကြာ တိမ်းရှောင်နေသည့် သထုံခရိုင်မှ စစ်ဘေးရှောင်တို့သည် ဥယျာဉ်ခြံနှင့် တောတောင်နေရာတို့တွင် နေထိုင်နေရပြီး စားသောက်ကုန်နှင့် ဆေးဝါးအလုံအလောက်မရနေဟု KHRG ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ဆိုသည်။

    “ပုံမှန်ဆိုရင် စစ်ဘေးတိမ်းရှောင်နေတဲ့နေရာတော်တော်များကတော့ လူသားချင်းစာနာထောက်ထားမှု အကူညီတွေကလိုအပ်မှုရှိနေတယ်။အလုံအလောက်လဲအခုအချိန်အထိ မရရှိသေးဘူးပေါ့နော်။ ပြီးတော့ ဆေးဝါးတွေကလည်း သူတို့စစ်ရှောင်နေရတဲ့အချိန်မှာဆို လိုအပ်ချက်တွေရှိနေတယ် ” ဟု ဆိုသည်။

    အဆိုပါ စစ်ဘေးရှောင်တို့ိကို ကရင်လူမှုအဖွဲ့စည်းတစ်ခုဖြစ်သည့် CIDKB အဖွဲ့နှင့် CSO အဖွဲ့တို့ အဓိကဆောင်ရွက်ပေးနေသည်ဟုလည်း ဆက်လက်ပြောထားသည်။

    ၎င်းအပြင် လမ်းပန်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရှိမှုနှောင့်နှေးခြင်းကြောင့် နောင်ကတုတ်၊ တောင်သူဌေးကုန်း၊ ခလောက်အင်း၊ ရွှေရောင်ပြစသည့် ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံတို့ကို မြေပြင်အထိ ကူညီဆောင်ရွက်နိုင်မှု အားနည်းလျှက်ရှိသည်ဟု သိရသည်။

    ယခု ၂၀၂၄ ခုနှစ်အတွင်း ကရင်အမျိုးသားအစည်းရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်နေခြင်းကြောင့် လူသေဆုံးမှုနှင့် အဆောက်အအုံးပျက်စီးမှု များပြားလျှက်ရှိသည်ဟုလည်း KHRG ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

    “လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေက ပုံမှန်အားဖြင့် တိုက်ပွဲဖြစ်ပွားတဲ့ အချိန်မှာပဲ လုပ်ဆောင်လေ့ရှိတာပေါ့နော်၊ အထူးသဖြင့် တပ်မဟာ(၁) လိုဒေသမျိုးမှာဆိုရင် ဒီနှစ်မှာဆိုရင် မကြာခဏဆိုသလို တိုက်ပွဲလည်းဖြစ်ပွားတာမရှိဘဲ လုပ်ဆောင်လာတယ်ပေါ့နော်။ အသက်တွေသေကြေရတာရှိတယ်၊ အဲဒါကြောင့် စစ်ကောင်စီရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုက ဆိုးရွားတစ်ထက် ဆိုးရွားလာနေတယ်လို့ ပြောလို့ရတယ်ပေါ့နော် "ဟု ဆိုသည်။

    လေကြောင်းတိုက်ခိုက်မှုနှင့် လူနေကျေးရွာတို့အပေါ် ပစ်ခတ်တိုက်ခိုက်မှုသည် နောင်တွင်လည်း ဆက်လက်ဖြစ်ပွားမည်ဖြစ်ခြင်းကြောင့် စစ်ကောင်စီ၏ လုပ်ရပ်ကိုအမြန်အဆုံးမသတ်နိုင်လျှင် ပြည်သူလူထုအနေဖြင့် တရားမျှတမှုမရှိသည့် လူ့အခွင့်ရေးချိုးဖောက်မှုတို့ကို ဆက်လက်ခံစားနေမည်ဟု သုံးသပ်ပြောဆိုထားသည်။

    သထုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် ဖားအံမြို့နယ်၊ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထို မြို့နယ်တို့တွင် စစ်တပ်အာဏာသိမ်းကာလနောက်ပိုင်း စစ်ကောင်စီ နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks