spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်မှ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် လူငယ်နှစ်ဦး ပို့ဆောင်ထားဟုဆို

    ရေးမြို့နယ်မှ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် လူငယ်နှစ်ဦး ပို့ဆောင်ထားဟုဆို

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် (၂) အတွက် လူငယ်နှစ်ဦးကို ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က ပို့ဆောင်ထားသည်ဟု ရေးမြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    ရေးတစ်မြို့နယ်လုံးအနေဖြင့် စစ်သင်တန်း ဒုတိယအသုတ်အတွက် ဒေသခံ ၂၅ ဦး  ပို့ဆောင်ရမည်ဆိုသော်လည်း စစ်မှုထမ်းလိုသူမရှိခြင်းကြောင့် ရေးမြို့နယ်ဒေသခံတစ်ဦးနှင့် ရွှေ့ပြောင်းလုပ်သားတစ်ဦးတို့ကိုသာ ပို့ဆောင်ထားသည်ဟု အုပ်ချုပ်ရေးမှုးအဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    “စစ်မှုးထမ်းအပတ်စဉ် (၂) အတွက်က ရေးမှာ လူ ၂ယောက်လောက်ပဲရတယ် ရေးမြို့နယ်ခံတစ်ယောက်ရယ် ရွှေ့ပြောင်းအလုပ်သမားတွေရယ်"ဟု အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူကဆိုသည်။

    အဆိုပါ စစ်မှုထမ်း လူငယ်၂ ဦးတို့ကို သံဖြူဇရပ်မြို့ရှိ ဝဲကလိကျေးရွာ အခြေစိုက် စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

    ရေးမြို့နယ်တွင် စစ်မှုထမ်းဆောင်ရန် သတ်မှတ်ထားသည့် လူဦးရေထက် အနည်းငယ်သာ ပို့ဆောင်နိုင်ခြင်းကြောင့် စစ်ကောင်စီမှ မြို့နယ်အုပ်ချုပ်ရေးမှုးတို့အား အရေးယူမှုရှိလာနိုင်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

    “ပိုတင်းကြပ်လာနိုင်တယ်ပေါ့ မြို့နယ်တစ်ခုမှာ တစ်လကို လူ ၂၅ ယောက်ဆိုတော့၊ရေးမှာ လူ ၂၅ယောက် မရတော့ အကြွေးဖြစ်နေတဲ့သဘောပေါ့၊ သူ့တို့တကယ့် အရေးယူလာမယ်ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ဒဏ်ခတ် အရေးယူလာနိုင်မယ်ပေါ့"ဟု ဆိုသည်

    လက်ရှိရေးမြို့နယ်တွင် စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ဒေသခံလူငယ်များ ပြည်ပသို့သာ ထွက်ခွာနေခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားနှင့် မူးယစ်ဆေးစွဲနေသည့် လူငယ်အချို့ကိုသာ စစ်မှုထမ်းစေရန် ငွေကြေးဖြင့်သိမ်းသွင်းလာကြောင်း သိရသည်။

    မွန်ပြည်နယ်တွင် စစ်မှုထမ်း အပတ်စဉ် (၂) သင်တန်းကို  ပြီးခဲ့သည့်မေလ ၁၄ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားတို့ကို မေလ ၂၅ ရက်နေ့တွင် နောက်ဆုံးထားပေးပို့ရန် စစ်ကောင်စီမှ ထုတ်ပြန်ထားကြောင်း သိရသည်။

    ပြီးခဲ့သည့် ဧပြီလတွင်လည်း စစ်မှုထမ်း အပတ်စဉ် (၁)သင်တန်းအတွက် ရေးမြို့နယ်မှ သင်တန်းသားဒေသခံ ၇ ဦးကို ပို့ဆောင်ထားကြောင်း သိရသည်။

    ဗမာရေးရာနှင့်ပဋိပက္ခလေ့လာရေးအဖွဲ့(BACS) ၏ အစီရင်ခံစာအရ မွန်ပြည်နယ်တွင် စစ်မှုထမ်းဉပဒေအပတ်စဉ်(၁) အတွက် လူငယ် ၂၀၀ ကျော် စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ပြီးနောက် လက်ရှိအပတ်စဉ်(၂)တွင်လည်း လူငယ်ဦးရေ ၂၀၀ ကျော် ပို့ဆောင်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks