spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုနှင့် ဘီးလင်းတွင် ရာအိမ်မှူးတစ်ဦးနှင့် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်သတ်ခံရ

    ကျိုက်ထိုနှင့် ဘီးလင်းတွင် ရာအိမ်မှူးတစ်ဦးနှင့် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဇုတ်သုတ်ကျေးရွာ၊ ရွာကြီးတောင်ပိုင်းနေ ကြံ့ခိုင်ရေးပါတီဝင် ဦးသက်လွင်ဦးသည် ဇုတ်သုတ်ကျေးရွာ လမ်းမကြီးအတိုင်း ဆိုင်ကယ်မောင်းနှင်သွားနေစဉ် အမည်မသိ သေနတ်သမားနှစ်ဦးတို့က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသက်လွင်ဦးသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်။

    ဦးသက်လွင်ကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားပြီး ပစ်ခတ်ရှင်းလင်းစဉ် လက်ပစ်ဗုံး ၂ လုံး၊ ငွေ ၁၅၀၀ ကျပ်နှင့် အိတ်တစ်လုံး သိမ်းဆည်းရမိကြောင်း ဆိုထားသည်။

    ဦးသက်လွင်သည် သတင်းပေးတစ်ဦးဖြစ်သည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားပြီး လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

    အလားတူ မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းကလည်း ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်မှ ရာအိမ်မှူး ဦးအုန်းမြင့် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

    ဦးအုန်းမြင့်သည် 7mark လက်ဖက်ရည်ဆိုင်တွင် တည်ရှိနေအချိန် သေနတ်သမား နှစ်ဦးတို့က ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ်သွားခဲ့သည်ဟု မြို့ခံတို့က ဆိုသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးအုန်မြင့်သည် ရင်ဘတ်၊ ဝမ်းဗိုက်၊ လက်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၅ ချက်ထက်မနည်းဖြင့် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

    ရာအိမ်မှူး ဦးအုန်းမြင့်ကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်သတ်သွားခဲ့သည်ကို တစုံတရာထုတ်ပြန်ထားခြင်းမရှိသေးပေ။

    မေလ ၁၄ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ၂ ဦးကို အမည်မသိသေနတ်တို့က သေနတ်ဖြင့် ပစ်ခတ်ပြီး သေဆုံးသွားခဲ့သေးသည်။

    သထုံခရိုင် ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ပြည်သူ့စစ်၊ လုပ်ငန်းရှင်၊ စစ်မှုထမ်းရန်အတွက် လုပ်ဆောင်နေသူ ပစ်သတ်ခံရသည့်ဖြစ်စဉ် ဆက်တိုက်ရှိလာခဲ့ပြီး ဧပြီလနှင့် မေလအတွင်း ၁၀ ဦးထက်မနည်း ပစ်သတ်ခံထားရပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks