spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းရန်ကုန်-မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်း မိုင်းခွဲခံရ

    ရန်ကုန်-မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်း မိုင်းခွဲခံရ

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ် ကလိကျွန်းရွာ နှင့် ကျွန်းချောင်းရွာကြား ရန်ကုန်-မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်း မေလ ၂၀ ရက်နေ့ ညပိုင်းက မိုင်း‌ဖောက်ခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

    ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း မိုင်တိုင် အမှတ် (၁၂၄/၉) နှင့် (၁၂၄/၁၀) ကြားရှိ အရှည် ၆၀ ပေ၊ အကျယ် ၃ ပေ တံတားအမှတ် ၇၈ သည် ယမန်နေ့ည ၉ နာရီခွဲအချိန်ခန့်က မိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်သည်။

    မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် တံတားအမှတ် ၇၈ ပေါ်ရှိ မီးရထာသံလမ်း ဘယ်/ညာ (၁) ပေခွဲခန့်စီ (၂) နေရာပျက်ထွက်ခဲ့သည်ဟု ကနဦးသိရကြောင်း မော်‌လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ဒီနေ့ (မေ ၂၁ ရက်) ရန်ကုန်ကို ထွက်ခွာမယ့် ရထားခရီးစဉ်တွေ ရထားထွက်ခွာချိန် နောက်ဆုတ်ထားပါတယ်။ ပျက်ဆီးသွားတဲ့ ရထားလမ်းပိုင်း ပြုပြင်ပြီးသွားရင်‌တော့ ရထားခရီးစဉ်တွေ ပုံမှန်‌ ပြေးဆွဲ‌ ပေးသွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

    မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ရထားလမ်းပိုင်းအား အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆောင်ရွက်နေကြောင်းလည်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

    တံတားမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရသည့်နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ မေလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာ တံတားမြောက်ဘက် ကိုက် ၅၀၀ ခန့်အကွာ ရထားလမ်းပေါ်တွင် လက်လုပ်မိုင်းများ ထပ်မံတွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။

    ထိုထပ်မံတွေ့ရှိခဲ့သည့် လက်လုပ်မိုင်းများကို သက်ဆိုင်ရာက အသက်မဲ့အောင် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

    ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်‌နေ့ နံနက်ပိုင်းအချိန်ခန့်ကလည်း သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ရထားလမ်း သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် ကျောက်တင်ကုန်ရထားတစ်စင်း မိုင်းထောင်ဖောက်ခွဲခံခဲ့ရသေးသည်။

    ရန်ကုန်-မော်လမြိုင် ရထားလမ်း၊ ကားလမ်းပိုင်းရှိ တံတားများ မကြာခဏ မိုင်းခွဲဖျက်ဆီးခံနေရသည့်အပြင် ရထား၊ ကားမိုင်းခွဲခံရသည့်ဖြစ်စဉ်လည်း မကြာခဏဖြစ်ပွားခဲ့သည်။

    မေလ ၁၁ ရက်နေ့ကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား ဒုတိယအကြိမ် မိုင်းခွဲခံရပြီး တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားကာ ဆက်သွယ်ရေးပြတ်တောက်သွားခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks