spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းNMSP-AD ၃လပြည့် မွန်အဖွဲ့အစည်းပေါင်းစုံနှင့် အွန်လိုင်းတွေ့ဆုံပွဲပြုလုပ်

    NMSP-AD ၃လပြည့် မွန်အဖွဲ့အစည်းပေါင်းစုံနှင့် အွန်လိုင်းတွေ့ဆုံပွဲပြုလုပ်

    -

    မွန်ပြည်သစ်ပါတီ-စစ်အာရှင်တိုက်ဖျက်ရေး ( NMSP-AD ) သက်တမ်း ၃ လပြည့်အနေဖြင့် ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းများနှင့် အွန်လိုင်းတွေ့ဆုံပွဲတစ်ခုကို ယမန်နေ့ မေလ ၁၉ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်ဟု အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

    NMSP-AD ၏ ၃ လတာ နိုင်ငံရေးလှုပ်ရှားမှု၊ စစ်ရေးလှုပ်ရှားမှုအပြင် ပြည်ပရှိ မွန်လူမျိုးတို့၏ ထောက်ပံ့မှု ၊ အဖွဲ့၏ အားသာချက် အားနည်းချက်တို့ကို ရှင်းလင်းပြောဆိုခဲ့ပြီး တက်ရောက်လာသည့် အရပ်ဖက်အဖွဲ့အစည်းတို့၏ အသံနှင့်အကြံပြုချက်တို့ကို ရယူခဲ့ကြောင်း  NMSP-AD ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ နိုင်ကောင်းစကားက ဆိုသည်။

    “တွေ့ဆုံပွဲမှာ နိုင်ငံရေးလှုပ်ရှားမှုအခြေအနေနဲ့ NMSP- AD တို့အခြေအနေ ဘယ်လိုရှိလဲ။ မဟာမိတ်အဖွဲ့အစည်းနဲ့ ဘယ်လိုဆွေးနွေးထားလဲ။ သံအမတ်ရုံးနဲ့တွေ့ထားတာရှိ နောက်တစ်ခုက အားသာချက် ဘယ်လိုရှိလဲ။ ပြည်ပက မွန်လူမျိုးတို့ရဲ့ထောက်ပံ့မှုတွေ တွေ့ကြုံခဲ့ရတဲ့စိန်ခေါ်မှုတွေ သူတို့လည်းသိရအောင်ရှင်းသွားအောင် ရှင်းလင်းပြောကြားခဲ့တာရှိမယ်။ စစ်ဦးစီးချုပ်ကနေပြီးတော့လည်း စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တက်ရောက်လာကြတဲ့သူတွေအတွက် သိသင့်သလောက် ရှင်းပြခဲ့တာတွေရှိမယ်” ဟု သူက ပြောသည်။

    ထို့ပြင် NMSP-AD လှုပ်ရှားရာဒေသအတွင်းရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီကို သတင်းပေးခြင်း၊ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူများကို ဖိအားပေးခြင်းတို့ လုပ်ဆောင်ပါကပြတ်ပြတ်သားသားအရေးယူသွားမည်ဖြစ်ကြောင်း NMSP-AD မှ ပြောဆိုထားသည်။

     NMSP-AD မှ နိုင်ငံရေး၊စစ်ရေးအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည့်နောက် အဆိုပါလုပ်ငန်းစဉ်များ၏ အားသာချက်၊ အားနည်းချက်များလည်း တက်ရောက်လာသူတို့ထံမှ ပြန်လည်အကြံပြုခဲ့သည်ဟု နိုင်ကောင်းစကားက ဆိုသည်။

    “အမျိုးကိုချစ်ကြတဲ့သူတွေ NMSP-AD ကိုထောက်ခံထောက်ပံ့ပေးကြတဲ့သူတွေ တော်လှန်ရေးသမားတွေ သူတို့တွေအားလုံးရဲ့ အကြံညဏ်တွေ သိချင်တာလည်းအများကြီးပါတယ်။ အဲ့တာကြောင့် ဒီလိုပွဲလုပ်ပြီး အဲ့ထဲမှာ သူတို့မြင်တာတွေ သူတို့ဖြစ်စေချင်တာတွေ သူတို့သိတာတွေကို ရှင်းလင်းခဲ့တယ်၊ တစ်ချို့နေရာမှာ ကျွန်တော်အားနည်းချက်တွေကို သူတို့ထောက်ပြအကြံပေးတာတွေရှိမယ်။ တစ်ချို့အခြေအနေတွေက ကျွန်တော်တို့မသိတာတွေလည်းရှိမယ်။ သူတို့ထောက်ပြပေးတာတွေအကြံပေးတာတွေ ဒါတွေအကုန်လုံးက ကျွန်တော်တို့အတွက် အားသာချက်တွေကြီးပဲ။ အကောင်အထည်ဖော်နိုင်မယ့်နေရာေတွဆို အကောင်အထည်ဖော်မယ်လို့ သတ်မှတ်ထားတယ်။ အစည်းအဝေးတွေလည်းထပ်လုပ်သွားမယ်” ဟု သူက ဆက်ပြောသည်။

    ၎င်းအွန်လိုင်းတွေ့ဆုံပွဲကို မေလ ၁၉ ရက်နေ့ နံနက် ၈ နာရီခွဲမှ နံနက် ၁၁ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီး မွန်ရဟန်းတော်အချို့ ၊ ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းကိုယ်စား ( ၃၀ )အဖွဲ့နှင့် ဖိတ်ကြားထိုက်သည့် ပုဂ္ဂိုလ်များအပါအဝင် (၆၀) ဦးကျော်တက်ရောက်ခဲ့ကြောင်း NMSP-AD က သတင်းထုတ်ပြန်ထားသည်။

    အဆိုပါ အွန်လိုင်းတွေ့ဆုံပွဲတွင် NMSP-AD၏ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီအဖွဲ့ဝင်တို့ဖြစ်သည့် အဖွဲ့ခေါင်းဆောင်နိုင်ဇေယျ၊ ဒုတိယအဖွဲ့ခေါင်းဆောင် ( ၁ ) နိုင်ဗညားလယ်၊ဒုတိယအဖွဲ့အခေါင်းဆောင် ( ၂ ) နိုင်လယီဟကောင်း၊ ဒုစစ်ဦးစီးချုပ်စလွန်းထောတို့  ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

    လက်ရှိတွင် NMSP AD မှ စစ်အာဏာရှင်မှန်သမျှ တွန်းလှန်တိုက်ထုတ်နိုင်ရန် စစ်ရေးဒေသ (၁၊၂၊ ၄၊ ၅၊၇၊ ၈) ဟူ၍ ပိုင်းခြားသတ်မှတ်ထားပြီး စစ်ရေးလှုပ်ရှားမှုဆိုင်ရာတို့ကို ဆက်လက်အကောင်အထည်ဖော်လျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks