spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီအခက်ခဲကြောင့် သောက်သုံးရေ လှူဒါန်းသည့်အဖွဲ့အချို့ရပ်နားထား

    စက်သုံးဆီအခက်ခဲကြောင့် သောက်သုံးရေ လှူဒါန်းသည့်အဖွဲ့အချို့ရပ်နားထား

    -

    မွန်ပြည်နယ် ၊ မော်လမြိုင်မြို့တွင် စက်သုံးဆီ အခက်အခဲကြောင့် သောက်သုံးရေလှူဒါန်းနေသည့် ပရဟိတအသင်းအချို့ ရေလှူဒါန်းမှု ယာယီရပ်နားထားရသည်ဟု သိရသည်။

    ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့မှစ၍ လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်အများစုတွင် ဆီပြတ်လပ်လျှက်ရှိပြီး ဈေးနှုန်းကြီးမြင့်နေခြင်းကြောင့် ခေတ္တရပ်နားထားရသည်ဟု ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးဘိုဘိုဝင်းက ဆိုသည်။

    “အဓိက သာက်သုံးရေက ရေတွင်းတွေခမ်းသွားတော့ ခက်ခဲမှုက ရှိနေတယ် ပိုပြီးခက်ခဲသွားတာကတော့ စက်သုံးဆီပြတ်လပ်တဲ့အတွက် လှူဒါန်းမှု ခရီးစဉ်တွေ အခုလက်ရှိအနေအထား ထင်သလောက်မလုပ်နိုင်ဘဲနဲ့ ရပ်ထားတဲ့အနေအထားထိတောင်ရောက်လာပြီး ဓာတ်ဆီဝယ်မရတာရယ် ဆီဈေးကြီးတာရယ် အဲဒီအခက်ခဲတွေ ဖစ်နေတယ်အခုလောလောဆယ်အကိုတို့ခဏရပ်ထားတယ်” ဟု ဆိုသည်။

    လက်ရှိ မော်လမြိုင်မြို့တွင် သောက်သုံးရေဖြန့်ဝေပေးသည့် ဘိုဘိုဝင်း လူမူကယ်ရေးအဖွဲ့မှ ယာယီရပ်နားလာသည့်အပြင် ကျန်ရှိသည့် အသင်းအဖွဲ့များမှလည်း အခေါက်ရေလျှော့ချကာ ရေဖြန့်ဝေပေးနေသည်ဟု သိရသည်။

    ရေလှူဒါန်းမှု နည်းပါးလာခြင်းကြောင့် မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ စစ်ဘေးရှောင်တို့ နေထိုင်နေသည့် သာသနာ ၂၅၀၀ ကျောင်းတိုက်နှင့် ဆင်ခြေဖုံးရပ်ကွက်တို့ိတွင် သောက်သုံးရေ ပိုမိုခက်ခဲလာကြောင်း သိရသည်။

    မော်လမြိုင် မြို့ခံ အမျိုးသမီးတစ်ဦးက “ညက မိုးရွာချတော့ နည်းနည်းအဆင်ပြေတယ် နောက်ရက်တွေမှာ မိုးမရွာရင်တော့ ရေကခက်ခဲတယ်ပေါ့ ရေဝယ်သုံးဖို့ကလည်း အဆင်မပြေဘူးလေ ရေတစ်ကားကို သောင်းကျော်ပေးနေရတော့ ကျမတို့လိုအခြေခံလူတန်းစားတွေက တော်တော်လေး အခက်ခဲဖြစ်တာပေါ့ ” ဟု ဆိုသည်။

    မေလအတွင်း ရေကားတစ်ကားလျှင် ၁၅၀၀၀ ဝန်းကျင် ပေါက်ဈေး ရှိနေပြီး ယခုလအတွင်း ရေခမ်းခြောက်မှု ပိုများလာခြင်းကြောင့် လိုအပ်သလို ဝယ်ယူ၍ မရနေကြောင်းလည်း သိရသည်။

    လက်ရှိအချိန်အထိ ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီး ကျုံအိတ်တံတားတွင် ယာဉ်ဖြတ်သန်းမှု ခက်ခဲနေဆဲဖြစ်ပြီး မွန်ပြည်နယ် မြို့နယ် အသီးသီးတွင် စက်သုံးဆီအပြင် ကုန်စည်အချို့ ပြတ်လတ်လျှက်ရှိသည်ဟု သိရသည်။

    ယနေ့မေလ ၂၀ ရက်နေ့တွင် စက်သုံးဆီဆိုင်မှ ဈေးနှုန်းများအရ အောက်တိန်း 95 တစ်လီတာလျှင် ၂၈၃၀ ကျပ်၊ ပရီမီယမ် ဒီဇယ်တစ်လီတာ ၂၄၇၀ ကျပ် ဈေးနှုန်းသတ်မှတ်ထားသော်လည်း ဝယ်ယူမှုအခက်အခဲကြောင့် စက်သုံးဆီတစ်လီတာလျှင် ပြင်ပပေါက်ဈေး ၄ ထောင်နီးပါးအထိ ဝယ်ယူနေရကြောင်း မြို့ခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks