spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းဘီးလင်းတွင် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်နှစ်ဦး ပစ်သတ်ခံရ

    ဘီးလင်းတွင် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်နှစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာတွင် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာရှိ အောင်ပြည့်စုံ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးနိုင်နှင့် ဇုတ်သုတ်နှင့် ဇုတ်ကလိရွာကြားရှိ စံပြစက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးမွန်ကြီးတို့နှစ်ဦးသည် မေလ ၁၄ ရက်နေ့ နေ့လည် ၁ နာရီခန့်က ဦးနိုင်၏ နေအိမ်တွင် တည်ရှိနေကြစဉ် သေနတ်သမားတို့က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးနိုင်သည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဦးမွန်ကြီးသည် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်ဟု သိရသည်။

    စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်ဖြစ်ကြသည့် ဦးနိုင်နှင့် ဦးမွန်ကြီးတို့ကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကို အတည်ပြုနိုင်ခြင်းမရှိသလို စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ဘက်ကလည်း ၎င်းတို့နှစ်ဦး ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်လာခြင်းမရှိသေးပေ။

    ဦးနိုင်နှင့် ဦးမွန်ကြီးတို့သည် စစ်ကောင်စီသတင်းပေးလုပ်နေသူများဖြစ်သည်ဟု ဒေသခံတို့အကြား သတင်းထွက်နေသော်လည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း သထုံခရိုင်အတွင်းရှိ ဘီးလင်း၊ သထုံ၊ ကျိုက်ထိုမြို့နယ်တို့တွင် စစ်ကောင်စီသတင်းပေးဆိုသူများ၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ ပစ်ခတ်ရှင်းလင်းခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေသည်။

    ၂၀၂၄ ခုနှစ်အတွင်း၌ပင် ဘီးလင်းနှင့် သထုံမြို့နယ်တို့တွင် သတင်းပေးဆိုသူ၊ အုပ်ချုပ်ရေးမှူး၊ ပြည်သူစစ်၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် ၁၀ ဦးထက်မနည်း ပစ်ခတ်ရှင်းလင်းခံခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks