spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းတွင် ဧပြီလအတွင်း တိုက်ပွဲပေါင်း အနည်းဆုံး ၇၅ ကြိမ်ဖြစ်ပွားခဲ့

    တနင်္သာရီတိုင်းတွင် ဧပြီလအတွင်း တိုက်ပွဲပေါင်း အနည်းဆုံး ၇၅ ကြိမ်ဖြစ်ပွားခဲ့

    -

    တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်ဧပြီလအတွင်း ထိထွေ့တိုက်တိုက်ပွဲဖြစ်ပွားမှုပေါင်း အနည်းဆုံး ၇၅ ကြိမ်ရှိခဲ့သည်ဟု FE5 Tanintharyi မှ မေလ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ သိရသည်။

    ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအရေအတွက်သည် အာဏာသိမ်းကာလတစ်လျှောက် တိုက်ပွဲဖြစ်ပွားမှုအများဆုံးလဖြစ်ပြီး စစ်ဘေးရှောင်များလည်း ၅၉၀၀၀ ကျော်အထိ ရှိလာသည်ဟု သိရသည်။

    ထို့အပြင် တော်လှန်ရေးတပ်ဘက်မှ တိုက်စစ်နှင့်ဒရုန်းတိုက်ခိုက်မှုများ မြင့်တက်လာသည့်အတွက် စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်မှလွှဲ၍ ကျေးလက်ဒေသအားလုံးကို ဆန်နှင့်စားသောက်ကုန်ပစ္စည်းသယ်ယူခွင့်လုံးဝပိတ်ချထားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

    တိုက်ပွဲဖြစ်ပွားခဲ့သည့် ကာလအတွင်း တနင်္သာရီဒေသအတွင်းရှိ အမြှောက်တပ်တို့မှ လူနေကျေးရွာကို ရည်ရွယ်ချက်ရှိရှိ မီးရှိ့ဖျက်ဆီးမှုနှင့်လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ဧပြီလအတွင်း နေအိမ် ၁၈ လုံး မီးလောင်ပြာကျခဲ့ရသည်။

    ထို့အပြင် လက်နက်ကြီးပစ်ခတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှုတို့ကြောင့် ဒေသခံတို့၏ ဉယျာဉ်ခြံလုပ်ငန်း ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

    စစ်ကောင်စီတပ်မှ လူသွားလမ်း၌ မိုင်းထောင်ထားသည့်နေရာတို့ကို နင်းမိပါက မိုင်းကွင်းဖျက်စီးသည်ဟုဆိုကာ လျော်ကြေးငွေ သုံးသိန်းမှ ဆယ်သိန်းကျပ်အထိ ပေးချေနေရကြောင်း ဖော်ပြထားသည်။

    တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့နယ်၊ သရက်ချောင်း၊ ရေဖြူ၊ ပုလောနှင့် တနင်္သာရီမြို့နယ်တို့သည် တိုက်ပွဲဖြစ်ပွားမှုအများဆုံးမြို့နယ်တို့ဖြစ်ပြီးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks