spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းထိုင်းဘတ်ငွေစျေး စံချိန်တင်မြင့်တက်

    ထိုင်းဘတ်ငွေစျေး စံချိန်တင်မြင့်တက်

    -

    ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ရေး စျေးကွက်တွင် ထိုင်းဘတ်ငွေ တစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၁၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

    မေလ ၁၅ ရက်နေ့တွင် တစ်ဘတ်လျှင် ၁၁၀ ကျပ်အထိမြင့်တက်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၆ ရက်နေ့အထိ ငွေလဲနှုန်းမှာ အတက်စျေးဖြင့်ရပ်တန့်နေခြင်းဖြစ်သည်။

    ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက “ဒီရက်ထဲမှာဆိုရင် ဒါအမြင့်ဆုံးစျေးပဲလို့ပြောလို့ရတယ်။ ၁၁၀ ပေါ့ ဒါက ဘတ်ပေးကျပ်ယူ။ ကျပ်ငွေပေးပြီး ဘတ်ယူမယ်ဆိုရင် တစ်စျေးပေါ့ သိပ်မကွာဘူး။ ကျွန်မတို့ဆိုလဲ အမှန်အတိုင်းပြောရင် ငွေလဲခနရပ်ထားတယ်။ အရင်က နှုန်းထားနဲ့လဲထားတော့ ကျွန်မတို့လို ငွေပမာဏများများလုပ်နေသူတွေကျတော့ အခုချိန်ထုတ်လဲပေးလိုက်ရင် ရှုံးတယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလခန့်မှစတင်ကာ ထိုင်းဘတ်ငွေ တစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၀၀ နှင့်အထက်သို့ ရောက်ရှိလာရာမှ ယခု ၁၁၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာခြင်းဖြစ်သည်။

    ငွေကြေးဆိုင်ရာလေ့လာစောင့်ကြည်သူတစ်ဦး “ဒါက မြန်မာနိုင်ငံရဲ့အခြေအနေတွေကြောင့်လဲပါသလို တစ်ဘက်မှာလဲ ဘတ်ငွေတန်ဖိုးမြင့်တက်လာတာလဲပါတယ်။ ဒီနှစ်ထဲမှာဆို ဘတ်ငွေက အမေရိကန်တစ်ဒေါ်လာကို ၃၇ ဘတ်လောက်အထိ တက်လာတာတွေ့ရတယ်။ ဘတ်တန်ဖိုးတက်နေတာရော မြန်မာကျပ်ငွေရဲ့တန်ဖိုး ကျလာတာရောက ဒီသက်ရောက်မှုတွေကိုဖြစ်လာစေတာပဲ” ဟု သုံးသပ်ပြောဆိုသည်။

    ဘတ်ငွေတန်ဖိုးသာမက အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၄၀၀၀ ကျော်မြင့်တက်လာသလို အခေါက်ရွှေ‌စျေးလဲ တစ်ကျပ်သား ၄၉ သိန်းအထိ စံချိန်တင်မြင့်တက်လာကြောင်း ပြည်တွင်းစျေးကွက်မှ စုံစမ်းသိရှိရသည်။

    အဆိုပါ အခြေအနေများကြောင့်လည်း ပြည်တွင်းရှိ ရွှေဆိုင်အများစုတွင် အခေါက်ရွှေ အရောင်းရပ်နားထားမှုများလည်းရှိလာကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks