Sunday, March 8, 2026
More
    spot_img
    Homeသတင်းမိုင်းခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားပေါ် ယာဉ်ငယ်များ ဖြတ်သန်းခွင့်ပြု

    မိုင်းခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားပေါ် ယာဉ်ငယ်များ ဖြတ်သန်းခွင့်ပြု

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အစပ်ရှိ ကျုံအိတ်တံတားပေါ်ကနေ ယနေ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းကစပြီး ယာဉ်ငယ်များ ဖြတ်သန်းသွားလာခွင့်ပြုနေကြောင်း ခရီးသွားပြည်သူတို့ထံမှ သိရသည်။

    ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီး သက်ဆိုင်ရာမှ ယာယီပြုပြင်ကာ လက်ရှိတွင် တံတားပေါ်မှ ယာဉ်ငယ်များ ဖြတ်သန်းခွင့်ပြုထားပြီး၊ အနိမ့်ကားများ သွားလာ၍ မရသေးကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

    “လောလောဆယ် ရန်ကုန်ဘက်ကအဆင်းပေါ့ဗျာ၊ ဘီးလင်းဘက်ကနေ သထုံဘက်ကို ကားငယ်တချို့တော့ သွားလို့ရတယ်။ ပြိုကျနေတဲ့တံတားအပိုင်းကို ပြန်ပြင်ထားတာဆိုတော့ ကားကြီးတွေတော့ သွားလို့မရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

    ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ ကျုံအိတ်တံတားသည် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲခံရပြီး တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားခဲ့ကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သည်။

    ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးနောက် ရန်ကုန်-မော်လမြိုင်ကားလမ်းကို အသုံးပြုသွားလာနေကြရသည့် မော်တော်ယာဉ်များ ကျေးရွာချင်းဆက်လမ်းများမှတဆင့် သွားလာနေကြသော်လည်း လမ်းကျဉ်းခြင်း၊ လမ်းကြမ်းခြင်းကြောင့် ကားရာနှင့်ချီ ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

    ၎င်းပြင် ကျေးရွာချင်းဆက်လမ်းသည် တောလမ်းဖြစ်သည့်အတွက် သေနတ်ပစ်ခတ်သံများကြားနေရလို့ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ခရီးသွားပြည်သူများအတွက် လုံခြုံမှုမရှိသည့်အခြေအနေရှိနေကြောင်းလည်း ခရီးသွားတို့က ဆိုသည်။  

    မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကတော့ မိုင်းခွဲခံရသည့် ကျုံအိတ်တံတားတွင် ယာယီဘေလီတံတားထိုးနိုင်ရန်နှင့် လတ်တလော ဖြတ်သန်းသွားလာနိုင်ရန်အတွက် လမ်းလွှဲပြုလုပ် ဆောင်ရွက်နေသည်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေသားထားသည်။

    သို့သော် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက ကျုံအိတ်တံတား ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်နေသည့်အဖွဲ့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသည့်အတွက် တံတားပြင်ဆင်နေသည့် လုပ်ငန်းများ ရပ်ဆိုင်းထားရသည်ဟု  သထုံခရိုင်လမ်းဦးစီးဌာနထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks