spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းကျော်တော်မြို့နယ်ရှိ ဆေးရုံတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

    ကျော်တော်မြို့နယ်ရှိ ဆေးရုံတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

    -

    ရန်ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီတပ်မှ ယနေ့ မေလ ၁၅ ရက်နေ့ နံနက်အစောပိုင်းက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူအချို့ရှိပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

    ဝဲထောင့်ကြီးဆေးရုံကို စစ်ကောင်စီမှ ယနေ့နံနက် ၁ နာရီအချိန်ခန့်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာနှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချို့လည်းရှိခဲ့ကြောင်း ဆိုသည်။

    ထိခိုက်ဒဏ်ရာရရှိသူများအနက် ၅ ဦးသည် စိုးရိမ်ရသည့်အခြေအနေရှိကြောင်း AA ၏ ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။

    AA က ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်းများအရ ထိခိုက်ဒဏ်ရာရသူများထဲတွင် ကလေးလည်းပါဝင်ပြီး အများစုသည် အမျိုးသမီးများဖြစ်သည်ကို တွေ့ရသည်။

    ရက္ခိုင်ဒေသ၌ စစ်ပွဲတိုင်းတွင် ရှုံးနိမ့်နေသော စစ်ကောင်စီသည် လူမျိုးရေး အမုန်းတရားများကို အခြေခံပြီး တိုက်ပွဲနှင့် မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးများကို ဦးတည်ပစ်ခတ်တိုက်ခိုက်နေသည်ဟုလည်း AA က ဆိုသည်။

    စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည့် မှတ်တမ်းများကို နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဟုလည်း AA မှ ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks