Sunday, March 8, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦး၏သားကို ရေးဘီလူးအဖွဲ့မှ ဖမ်းဆီးထား

    စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦး၏သားကို ရေးဘီလူးအဖွဲ့မှ ဖမ်းဆီးထား

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် ၊စုံနံ့သာကျေးရွာအနီး ရေး- သံဖြူဇရပ်ကားလမ်းပိုင်းတွင် ယမန်နေ့ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်က စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး၏သားကို  ရေးဘီးလူးအဖွဲ့မှ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

     ရေးဘီလူးအဖွဲ့မှ နယ်မြေစိုးမိုးမှုရယူထားသည့် မော်လမြိုင်- ရေး- ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီး၌ စစ်ဆေးမှုလုပ်ဆောင်နေစဉ် ခရီးသည်တင်ယာဉ်နှင့် ပါလာသည့် အဆိုပါတပ်ကြပ်ကြီး၏သားကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    ဖမ်းဆီးခံရသူသည် ရေးမြို့နယ်အခြေစိုက် ခမရ (၅၈၇) တပ်ရင်းမှ တပ်ကြပ်တစ်ဦး၏သားဖြစ်၍ သတင်းအချက်အလက်ရယူလိုသည့်အပြင် စစ်တပ်နှင့်သက်ဆိုင်သည့် အထောက်အထားများ ပါရှိနေခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ရေးဘီလူးခေါင်းဆောင်က ဆိုသည်။

    “ကျနော်တို့ သတင်းပိုင်းလိုချင်လို့ပဲ ခါ်လာတာပါ စစ်ကောင်စီလိုတော့ မယုတ်မာဘူး စစ်ဆေးမှုကိုတော့ ဆာင်ရွက်သွားမှာပါ” ဟု ရေးဘီလူးခေါင်ဆောင်က ဆိုသည်။

    အဆိုပါ ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်ကြပ်ကြီး၏ သားဖြစ်သူသည် အသက် ၁၉ နှစ် အရွယ်ရှိပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး ဟုတ်မဟုတ် လွပ်လပ်သောမွန်သတင်းအေဂျင်စီမှ အတည်ပြုနေဆဲ ဖြစ်သည်။

    မော်လမြိုင်- ရေး – ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးကို နယ်မြေစိုးမိုးမှုရယူပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တို့၏ ဖြတ်သန်းသွားလာမှု ရှိ မရှိ စစ်ဆေးလျှက်ရှိပြီး ခရီးသွားလာနေသည့် ပြည်သူလူထုနှင့်လည်း တွေ့ဆုံမိတ်ဆက်လျှက်ရှိသည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှ ဆိုသည်။

    အဆိုပါအမှတ်(၈) ပြည်ထောင်စု လမ်းကြီးအား အသုံးပြု သွားလာနေသူတို့သည် ည(၆) နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခြင်းမပြုရန်နှင့် နေ့ဘက်သွားလာနေသည့် မော်တော်ယဉ်တို့ မှန်ချမောင်းနှင်ရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။

    ရေးဘီလူးအဖွဲ့သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့များ ၊စစ်ကောင်စီ လက်အောက်ခံများဖြစ်သည့် ပြည်သူစစ်၊ အုပ်ချုပ်ရေးမှူးများနှင့် အစိုးရဌာနဆိုင်ရာ ရုံးတို့ကိုလည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks