spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးဘုရားပွဲကာလအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူး ၇ သိန်းကျော်ဝင်ရောက်ခဲ့

    ကျိုက်ထီးရိုးဘုရားပွဲကာလအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူး ၇ သိန်းကျော်ဝင်ရောက်ခဲ့

    -

    မွန်ပြည်နယ် ၊ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားသို့ ဘုရားပွဲကာလအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူး ၇ သိန်းကျော်ဝင်ရောက်ခဲ့သည်ဟု သိရသည်။

    ကျိူက်ထီးရိုးဘုရားပွဲစတင်ခဲ့သည့် ၂၀၂၃ အာက်တိုဘာလမှ ၂၀၂၄ မေလ ၉ ရက်နေ့အထိ ပြည်တွင်း ဘုရားဖူး ၆၉၀၀၀၀ ကျော်နှင့် ပြည်ပဘုရားဖူး ၅၀၀၀ ကျော်ဝင်ရောက်ခဲ့သည်ဟု ဘုရားဂေါ်ပကအဖွဲ့ စာရင်းအရ သိရသည်။

    “ ဒီနှစ်ဘုရားဖူးက ၇သိန်း ကျာ်သွားပြီး မနှစ်ကအပိတ်မှာ ၄သိန်း ၃သောင်းကျော်ပဲရှိတယ်။ ကျိုက်ထီးရိုးမှာကျတော့ ဘုရားလည်းဖူး အပန်းလည်းဖြေ စိတ်ချမ်းသာမှုအပြည့်ရှိတယ်လေ၊ အဲဒါကြောင့် ဘုရားဖူးက ကျနော်တို့ဆီကို အသွားအလာများတာပေါ့ နိုင်ငံခြားက ၄၂၃ ဦးလာတယ် အထူးသဖြင့် ထိုင်းကများတယ် ” ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့မှ ဦးစိုးလှက ဆိုသည်။

    ကိုဗစ်ကာကပ်ရောဂါစတင်ခဲ့သည့် ၂၀၂၀ ခုနှစ်မှစပြီး ကျိူက်ထီးရိုးသို့ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှုရပ်တန့်ခဲ့ပြီး၂၀၂၃ခုနှစ်တွင် ဘုရားဖူးခရီးသည် ပြန်လည်ဝင်ရောက်မှု များလာသည်ဟု သိရသည်။

    ကျိုက်ထီးရိုးသို့ ဘုရားဖူးဝင်ရောက်မှုများလာသည့်အပြင် စက်သုံးဆီးဈေးနှုန်း မြင့်တက်လာမှုကြောင့် တောင်တက်မော်တော်ယာဉ် ဈေးနှုန်းထပ်မံမြှင့်တင် ကောက်ခံထားကြောင်း သိရသည်။

    "ဒီနှစ်ကားခက ဈေးနည်းနည်းတက်သွားတယ် ဒါက ဆီဈေးအလှည့် အပြောင်းကြောင့် တက်တာပါ စက်သုံးဆီဈေး ဒီဇယ်ဆီတွေက နည်းနည်းမြင့်နေတော့ ဖေဖော်ဝါရီလကစပြီး နည်းနည်းမြှင့်တင်ထားတဲ့ သဘောလေးဖြစ်ပါတယ် ”ဟု ဦးစိုးလှက ဆက်ပြောသည်။

    ကျိုက်ထီးရိုး တောင်ခြေကင်မွန်းစခန်းမှ ရင်ပြင်တော်အထိ ယခင် ကားရှေ့ခန်းခ ၃၀၀၀ ကျပ်ရှိရာကနေ လက်ရှိ ၆၀၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံထားပြီး၊နောက်ခန်းတွင် ၂၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်ထိ ဈေးမြှင့်ထားကြောင်း ဘုရားဖူးတို့ထံမှ သိရသည်။

    ကျိုက်ထီးရိုးတောင်ပေါ်သို့ ဘုရားဖူးသွားလာသူများ အဆင်ပြေချောမွေ့စေရန် တောင်တက်မော်တော်ယာဉ် အသင်းမှ မော်တော်ယာဉ်အစီးပေါင်း ၁၅၀စီးဖြင့် နေ့စဉ်ပြေးဆွဲလျှက်ရှိကြောင်း သိရသည်။

    ဘုရားဖူးဝင်ရောက်မှုများလာသည့်အတွက် ကင်မွန်းစခန်း၊ ရင်ပြင်တော်စခန်းနှင့် မုဆိုးတောင်စခန်းများရှိ စားသောက်ဆိုင်လုပ်ငန်းများ၊ တည်းခိုရေးလုပ်ငန်းများနှင့် အထမ်းသမားများ အလုပ်အကိုင် အထိုက်အလျှောက်ပြန်လည် အဆင်ပြေလာကြောင်း သိရသည်။

    ကျိုက်ထီးရိုးပွဲတော်ကာလကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုတ်လပြည့်နေ့အထိ သတ်မှတ်ထားသော်လည်း မိုးရာသီ၌လည်း ဆက်လက်ဖွင့်လှစ်ထားတာကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks