spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် စစ်ကောင်စီအမြှောက်တပ်ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံး

    ကျိုက်ထိုတွင် စစ်ကောင်စီအမြှောက်တပ်ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံး

    -

    မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမတ (၃၁၀) တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

    မေလ ၆ ရက်နေ့ နံနက် ၄ နှင့် ၅ နာရီကြားတွင် စစ်ကောင်စီ အမတ (၃၁၀) တပ်ရင်းမှ ၁၂၂ မမ ဟောင်ဝစ်ဇာ ၄ လုံး ပစ်ခတ်ခဲ့ရာ ဇီးပြောင်း(၁)ကျေးရွာထိပ် ရော်ဘာခြံအတွင်း ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုထားသည်။

    စစ်ကောင်စီ အမတ (၃၁၀) တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရော်ဘာအစေးခြစ်နေသည့် ဇီးပြောင်း(၁)ကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဦးသန်းအောင်ဆိုသူသည် လက်နက်ကြီးကျည်ထိမှန်သွားခဲ့သည်။

    လက်၊ ဝမ်းဗိုက်၊ ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ဦးသန်းအောင်သည် ဆေးကုသမှုခံယူနေရင်း မေလ ၇ ရက်နေ့ နံနက်က သေဆုံးသွားခဲ့သည်။

    သထုံခရိုင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတို့မှ KNU အုပ်ချုပ်နယ်မြေအတွင်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု မကြာခဏပြုလုပ်နေပြီး၊ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုလည်း ဆက်တိုက်ခဲ့သည်။

    ၎င်းပြင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်၊ ဥယာဉ်ခြံ ထိခိုက်ပျက်စီးမှုလည်းရှိခဲ့သည့်အပြင် သောင်းနှင့်ချီသည့် ဒေသခံပြည်သူတို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်လည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks