spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းအထွေထွေကုန်ဈေးနှုန်း အဆမတန်တိုးလာသော်လည်း အခြေခံလုပ်အားခပြောင်းလဲခြင်းမရှိသေး

    အထွေထွေကုန်ဈေးနှုန်း အဆမတန်တိုးလာသော်လည်း အခြေခံလုပ်အားခပြောင်းလဲခြင်းမရှိသေး

    -

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အထွေထွေကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာသော်လည်း နေ့စားအလုပ်သမားတို့၏ အခြေခံလစာနှုန်း တိုးလာခြင်းမရှိသေးကြောင်း သိရသည်။

    အာဏာမသိမ်းခင်ကာလတွင် ဆန်ချောတစ်အိတ် ၆၀၀၀၀ ကျပ်ရှိရာမှ ယခုလက်ရှိတွင်နှစ်သိန်းဝန်းကျင်ရှိခဲ့ပြီး ဓာတ်ဆီတစ်လီတာလျှင် ၁၀၀၀ ကျပ် ဝန်းကျင်ရှိရာမှ ယခုတွင် ၃၀၀၀ နီးပါးရှိလာခဲ့သည်။

    သို့သော် လက်ရှိအချိန်အထိ နေ့စားအလုပ်သမားတို့၏ အခြေခံလစာသည် အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်အပါအဝင် စုစုပေါင်း တစ်ရက် ၅၈၀၀ ကျပ်တွင် ရရှိနေသည့်အတွက် ဝမ်းစာရေးအတွက် အခက်ခဲမျိုးစုံနှင့်ရုန်းကန်နေရသည်ဟု ပန်းရံအလုပ်သမားတစ်ဦးက ဆိုသည်။

    “ပန်းရံအလုပ်ဆိုတော့တစ်နေ့ကို ရှစ်ထောင်ရနေတာပေါ့။ ဒါမဲ့မလောက်ဘူးလေ ရေဖိုး မီးဖိုး ဆီဖိုး အဲ့တောတွေ အကုန်လုံးက အဲ့ထဲမှာပဲဆိုတော့ မလောက်ဘူး။ အကြွေးတွေပတ်ချာလည်နဲ့ တစ်ချို့ကျတော့ အလုပ်နှစ်ခုလုပ်နေရတယ်။ စက်ရုံကနေဆင်းပြီးပြန်လာရင် ရော်ဘာအပင်တွေခုတ်တဲ့အလုပ်တွေလုပ်ကြတယ်" ဟုဆိုသည်။

    ထို့ကြောင့် အခြေခံအလုပ်သမားအများစု တစ်ရက်လျှင် အလုပ်နှစ်ခုထက် ပိုလုပ်ကိုင်မှသာ ဝမ်းစာရေးအဆင်ပြေမည်ဟုလည်း ဆက်ပြောသည်။

    အလုပ်သမားတို့၏ အခြေခံလစာနှုန်းထားသည် မြင့်တက်လာသည့်ကုန်စည်ဈေးနှုန်းနှင့်လျော်ညီရန် ၂နှစ်လျှင်တစ်ကြိမ်ပြင်ဆင်ရေးဆွဲမည်ဟုဆိုသော်လည်း ယခုနှုန်းအတိုင်း ၆ နှစ်ဝန်းကျင်အထိ ရှိနေခဲ့သည်။

    ထိုကြောင့် လက်ရှိ အလုပ်သမားတို့၏ အခြေခံလစာကို အနည်းဆုံးတစ်သောင်းဝန်းကျင်တွင် သတ်မှတ်သင့်ကြောင်း အလုပ်သမားအရေး လှုပ်ရှားသူတစ်ဦးကဆိုသည်။

    “ဒီအခြေအနေနဲ့ဆိုရင် သူတို့အတွက်က တစ်သောင်းဝန်းကျင်လောက်ရမှ ချင့်ချိန်းပြီးသုံးမှ အဲ့လောက်က အဆင်ပြေမယ်။ ဒီ၅၈၀၀ နဲ့ဆိုရင် ဘာမှဝယ်လို့မရနေဘူး။ အနည်းဆုံးအခြေခံအကြမ်းအလုပ်သမားတွေ က တစ်သောင်းရမှ အဆင်ပြေမယ်" ဟု ဆိုသည်။

    သို့သော် စစ်အာဏာသိမ်းချိန်မှစပြီး အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတို့ကို ဖမ်းဆီးလျှက်ရှိခြင်းကြောင့် အလုပ်သမားအခွင့်အရေးဆိုင်ရာတို့ကို ကျယ်ကျယ်လောင်လောင်မတောင်းဆိုနိုင်ကြောင်း ဆက်ပြောသည်။

    စစ်ကောင်စီမှ နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေကြောင့် အခြေခံအလုပ်သမားတို့၏ လုပ်အားခလစာတိုးမြှင့်ပေးခြင်းမရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းလစာနှုန်းထားတို့ကိုလည်း တို့မြှင့်ပေးရန်မရှိကြောင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလက စစ်ကောင်စီနိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks