spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းဘီးလင်း ကျုံအိတ်တံတား ထပ်မံမိုင်းခွဲခံရ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း အဆက်အသွယ်ပြတ်တောက်

    ဘီးလင်း ကျုံအိတ်တံတား ထပ်မံမိုင်းခွဲခံရ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း အဆက်အသွယ်ပြတ်တောက်

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန်-မော်လမြိုင်ကားလမ်ပေါ်ရှိ ကျုံအိတ်တံတား ယနေ့ မေလ ၁၁ ရက်နေ့ နံနက်အစောပိုင်းက ထပ်မံမိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ကျုံအိတ်တံတားဘက်တွင် ယနေ့ နံနက် ၂ နာရီဝန်းကျင်အချိန်ခန့် ပစ်ခတ်သံများကြားရပြီး နံနက် ၃ နာရီအချိန်ခန့်တွင် ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “အရင်တစ်ခါ မိုင်းခွဲခံရလို့ ကျန်ခဲ့တဲ့ တံတားတခြမ်းရော၊ ဘေလီတံတားထိုးထားတဲ့အခြမ်းရော ပျက်ဆီးသွားတယ်။ လောလောဆယ် ရန်ကုန်-မော်လမြိုင်ကားလမ်း အဆက်အသွယ်ပြတ်သွားပြီး” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

    မိုင်းခွဲခံရမှုကြောင့် တံတားသည် လုံးဝပြိုကျပျက်စီးသွားသည့်အတွက် ကားများ ဖြတ်သန်းသွားလာလို့မရတော့ကြောင်း၊ မော်လမြိုင်မြို့ဘက်မှ အိမ်စီးကားများနှင့် ခရီးသည်တင်ယာဉ်များ မော်လမြိုင်မြို့ဘက်သို့ ပြန်လှည့်လာကြကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

    “အခြေအနေကတော့ ကားလမ်းသွားမရတော့ဘူး။ အရေးကြီးရင်တော့ လေကြောင်းလမ်းကနေဘဲ သွားလာလို့ရတော့မယ်” ဟု ၎င်းက ပြောသည်။

    သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတားကို KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့်နှစ် ဇွန်လ ၂၉ ရက်နေ့က မိုင်းခွဲဖျက်ဆီးခဲ့သေးသည်။

    ပထမအကြိမ် တံတားမိုင်းခွဲခံရစဉ်က တံတားတခြမ်းပြိုကျသွားခဲ့ပြီး အိမ်စီးကား ၃ စီးပါသွားကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks